Latest News
နောက်ဆုံးရသတင်းများ
ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင်အမှတ် (၄၀၁/၄) ပြည်ပန်းကျေးရွာအနီးတွင် တွဲကားတစ်စီး တိမ်းမှောက်
02/05/19
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ ပြည်ပန်းကျေးရွာအနီး၊ ရန်ကုန်-မန္တလေး ကားလမ်းဟောင်းကွေ့တွင် ယနေ့ နံနက် ၁၁ နာရီခွဲခန့်က ယာဉ်မောင်း ဆန်းထိုက်အောင် မောင်းနှင်ပြီး ကုန်များတင်ဆောင်လာသည့် ကုန်တင်ယာဉ်တစ်စီး တိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။
ဥသျှစ်ပင်မြို့၊ ရွှေပင်ရပ်ကွက်တွင် အသုံးပြုလျက်ရှိသော ဘူးရိုးချောင်း ရေခန်းခြောက်သဖြင့် ရပ်ကွက်နေပြည်သူများ အခက်အခဲဖြစ်ပေါ်နေ
02/05/19
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့၊ ရွှေပင်ရပ်ကွက်ရှိ ဘူးရိုးချောင်းရေသည် ရာသီဥတုပူပြင်းပြီး မိုးရွာသွန်းမှု မရှိသောကြောင့် ခန်းခြောက်လာပြီး ယင်းဘူးရိုးချောင်းရေကို အသုံးပြုနေရသည့် ရပ်ကွက်နေပြည်သူများ အခက်အခဲ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
MFF Open Cup ဖူဆယ်ပြိုင်ပွဲ ကျင်းပမည်
02/05/19
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပမည့် ၂၀၁၉ MFF Open Cup ဖူဆယ်ပြိုင်ပွဲကို မေ ၁၀ ရက်မှစ၍ ရန်ကုန်မြို့ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ-၁ သုဝဏ္ဏ၌ ကျင်းပမည်ဖြစ်သည်။
အာဆီယံ ယူ-၁၅ အမျိုးသမီးပြိုင်ပွဲတွင် မြန်မာအသင်း အုပ်စု(က)တွင် ပါဝင်
02/05/19
အာဆီယံဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပမည့် ၂၀၁၉ အာဆီယံ ယူ-၁၅ အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် မြန်မာအသင်းသည် အုပ်စု (က) ၌ ပါဝင်လျက်ရှိသည်။ ယင်းပြိုင်ပွဲတွင် အသင်းကိုးသင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စု (က) တွင်
လာအိုနိုင်ငံ၌ ကျင်းပခဲ့သည့် အကယ်ဒမီဘောလုံးပြိုင်ပွဲတွင် မြန်မာနှလုံးသား ဘောလုံးအသင်း ဒုတိယဆုနှင့် ရွှေဖိနပ်ဆုရရှိ
02/05/19
လာအိုနိုင်ငံက အိမ်ရှင်အဖြစ် ဧပြီ ၂၆ ရက်မှ ၂၉ ရက်အထိ ကျင်းပခဲ့သည့် အကယ်ဒမီပေါင်းစုံ ဘောလုံးပြိုင်ပွဲ The 1st Kiettisack International Football Tournament ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာနိုင်ငံမှ မြန်မာနှလုံးသား ဘောလုံးအကယ်ဒမီ A Heart For Myanmar Football Academy အဖွဲ့သည် ဒုတိယဆုနှင့် ရွှေဖိနပ်ဆုရရှိခဲ့ကြောင်း သိရသည်။
စစ်ကိုင်း အထက်ပိုင်း၊ တနင်္သာရီ၊ ကချင်၊ ရှမ်း၊ ချင်း၊ ရခိုင်၊ ကရင်နှင့် မွန်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမည်
02/05/19
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ည ၇ နာရီတွင် နေ့စဉ်မိုးလေဝသသတင်း ထုတ်ပြန်ရာ ဘင်္ဂလားပင်လယ်အော်အခြေအနေမှာ ယနေ့ ည ၆ နာရီခွဲ တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် ...........
၂၀၁၉ အာရှဘိလိယက်ပြိုင်ပွဲတွင် နေသွေးဦး ဗိုလ်လုပွဲတက်ရောက်
02/05/19
အိန္ဒိယနိုင်ငံ၌ ပြုလုပ်နေသည့် ၂၀၁၉ အာရှဘိလိယက်ပြိုင်ပွဲနှင့် အာရှ ယူ-၂၁ စနူကာပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ယနေ့နံနက်ပိုင်းမှစ၍ ဆက်လက်ကျင်းပရာ မြန်မာ့လက်ရွေးစင် ဘိလိယက်ကစားသမား နေသွေးဦး ဗိုလ်လုပွဲ တက်ရောက်ခဲ့သည်။
ဒုတိယသမ္မတ ဦးမြင့်ဆွေ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ နဝမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား
02/05/19
ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ နဝမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ
ကျောက်ဖြူ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းအတွက် လျှပ်စစ်ဓာတ်အား ဝယ်ယူရေးစာချုပ်ချုပ်ဆိုရန် ညှိနှိုင်းဆွေးနွေးမှုများပြီးမြောက်ကြောင်း အသိအမှတ်ပြုစာချွန်လွှာ လက်မှတ်ရေးထိုး
02/05/19
ဒုတိယအကြိမ်ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲများသို့ တက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့၌ ရောက်ရှိနေသော
ထာဝရငြိမ်းချမ်းရေးစေတီတော်တွင် ကိန်းဝပ်စံပယ်တော်မူမည့် စကျင်ဗုဒ္ဓရုပ်ပွားတော်များ မန္တလေးမြို့သို့ ဒေသစာရီ ကြွချီအပူဇော်ခံ
02/05/19
ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ထာဝရငြိမ်းချမ်းရေးစေတီတော်တွင် ကိန်းဝပ်စံပယ်တော်မူမည့် စကျင်ဗုဒ္ဓရုပ်ပွားတော်များ၊ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံအဆင့်ဆင့်တို့သည်
အဖတ်များဆုံး သတင်း
- 6/Jul/2026