Latest News

နောက်ဆုံးရသတင်းများ

အင်းလေးခေါင်တိုင် လူရည်ချွန်အပန်းခြေစခန်း၌ အသိပညာပေးခြင်း၊ လူရည်ချွန်ဟောင်းများနှင့် တွေ့ဆုံပွဲ ကျင်းပ

ပြည်တွင်း

30/04/19

အင်းလေးခေါင်တိုင် လူရည်ချွန်အပန်းဖြေစခန်းသို့ ရောက်ရှိနေကြသော ဒေသအသီးသီးမှ လူရည်ချွန်မောင်မယ်များအား အသိပညာပေး ဆွေးနွေးဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီက လူရည်ချွန်စခန်း ဖွင့်လှစ်ထားရှိရာ ခေါင်တိုင်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ယခုနှစ်အတွင်း ကွင်းဆင်းစစ်ဆေးပြီးသော သရက်ခြံ ၁၆ ခြံကို GAP အသိအမှတ်ပြုလက်မှတ် ထုတ်ပေးသွားမည်

ပြည်တွင်း

30/04/19

မန္တလေးတိုင်းဒေသကြီးတွင် ယခုနှစ်အတွင်း၌ ကွင်းဆင်းစစ်ဆေးပြီးသော သရက်ခြံ ၁၆ ခြံကို GAP အသိအမှတ်ပြုလက်မှတ် ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် အင်းလေးခေါင်တိုင် လူရည်ချွန်အပန်းဖြေစခန်းရှိ လူရည်ချွန်များအား တွေ့ဆုံအားပေးစကားပြောကြား

ပြည်တွင်း

30/04/19

၂၀၁၉ ခုနှစ် အင်းလေးခေါင်တိုင် လူရည်ချွန်အပန်းဖြေစခန်း၌ ၁၉၆၇ ခုနှစ် လူရည်ချွန်ဟောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးသန့်စင်မောင်နှင့်ဇနီးတို့ ပါဝင်သော လူရည်ချွန်ကြီးများနှင့် လူရည်ချွန်မောင်မယ်များ တွေ့ဆုံပွဲနှင့် ပညာရေးဆိုင်ရာ ဟောပြောပွဲများကို ယနေ့နံနက်ပိုင်းတွင် ကျင်းပသည်။

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ကော်မတီ အစည်းအဝေးကျင်းပ

ပြည်တွင်း

30/04/19

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ကော်မတီ၏ (၂/၂၀၁၉)ကြိမ်မြောက် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

မှုခင်း

30/04/19

မူးယစ်တပ်ဖွဲ့စု(၇) တမူးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၂၉ ရက် ညနေ ၆ နာရီက တမူးမြို့နယ်၊ ခါမ်းပါတ်မြို့၊ အမှတ်(၂)ရပ်ကွက်၊ တမူး-ကလေးကားလမ်း၌ အိန္ဒိယနိုင်ငံသူ မနင်ဟွေ့အား စစ်ဆေးရှာဖွေရာ ဘိန်းဖြူ ၂၆၂ ဒသမ ၅ ဂရမ်ကိုလည်းကောင်း။

ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီထံမှ ဂျပန်ယန်း ၈၂ ဒသမ ၂၇၃ ဘီလီယံ ချေးငွေရယူရေးနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်၌ ဆွေးနွေး

လွှတ်တော် သတင်းများ

30/04/19

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ကျင်းပရာ

ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် မြန်မာနိုင်ငံ၏ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်နှင့်တွေ့ဆုံ

ပြည်တွင်း

30/04/19

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်သည် ဂျပန်နိုင်ငံ အအိချီခရိုင် နာဂိုဟာမြို့တွင် မြန်မာနိုင်ငံ၏ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်အဖြစ် ခန့်အပ်ထားသည့် မစ္စတာတိုရှိအိုနီရှိမူရကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝန်ကြီးရုံးဧည့်ခန်းမ၌ တွေ့ဆုံသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် နယူးဇီလန်နိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

ပြည်တွင်း

30/04/19

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် မြန်မာနိုင်ငံဆိုင်ရာ နယူးဇီလန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Steve Marshall အား ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ စောင့်ကြည့်အကဲဖြတ်စိစစ်ရေး လုပ်ငန်းကော်မတီ အစည်းအဝေးကျင်းပ

ပြည်တွင်း

30/04/19

မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ စောင့်ကြည့်အကဲဖြတ်စိစစ်ရေး လုပ်ငန်းကော်မတီအစည်းအဝေး (၁/၂၀၁၉) ကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း ပေတောကျေးရွာ ရန်ပုံငွေဖွံ့ဖြိုးတိုးတက်ရေးအသင်း၊ ဧရာဝတီဘဏ် လီမိတက်နှင့် Myanmar CP. Livestock Co.,Ltd. တို့အကြား ချေးငွေသဘောတူစာချုပ် ချုပ်ဆိုခြင်းအခမ်းအနားသို့ တက်ရောက်

ပြည်တွင်း

30/04/19

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းသည် ယနေ့နံနက် ၉ နာရီတွင် M Gallery ဟိုတယ်၊ နေပြည်တော်၌ ကျင်းပပြုလုပ်သည့် ဧရာဝတီဘဏ်လီမိတက်မှ အတိုးနှုန်းသက်သာသော နှစ်ရှည်ချေးငွေနှင့် ပံ့ပိုးကူညီ အကောင်အထည်ဖော်ထားသော တပ်ကုန်းမြို့နယ်ရှိ ပေတောကျေးရွာ ဥစားကြက်ခြံ စီမံကိန်းအတွက် ပေတောကျေးရွာ ရန်ပုံငွေဖွံ့ဖြိုးတိုးတက်ရေးအသင်း၊ ဧရာဝတီဘဏ်လီမိတက်နှင့် Myanmar CP.Livestock Co.,Ltd. တို့အကြားချေးငွေ သဘောတူ စာချုပ်ချုပ်ဆိုခြင်းအခမ်းအနားသို့ တက်ရောက်သည်။

အဖတ်များဆုံး သတင်း