Latest News
နောက်ဆုံးရသတင်းများ
ပူတာအို၌ တိုင်းရင်းသားစာပေသင်တန်းနှင့် နွေရာသီအခြေခံသင်တန်းများဆင်းပွဲ ကျင်းပ
29/04/19
မြန်မာနိုင်အေဂျီ(ဧဝံဂေလိ) အသင်းတော်များ၊ အမှတ်(၂) သာသနာခရိုင်၊ ကောင်ဧမာနွေလအေဂျီ အသင်းတော်ကကြီးမှူး၍ ဖွင့်လှစ်ခဲ့သော ရဝမ်တိုင်းရင်းသားစာပေနှင့် နွေရာသီအခြေခံသင်တန်းများဆင်းပွဲ အခမ်းအနားကို ဧပြီ ၂၉ ရက် နံနက် ၉ နာရီခွဲက ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက်(၃) ကောင်ဧမာ နွေအေဂျီအသင်းတော်ဘုရားကျောင်း၌ ကျင်းပသည်။
ထာဝရငြိမ်ချမ်းရေးစေတီတော်တွင် ကိန်းဝပ်စံပယ်တော်မူမည့် စကျင်ဗုဒ္ဓရုပ်ပွားတော်များ ပုဂံ-ညောင်ဦးမြို့သို့ ဒေသစာရီကြွချီပူဇော်ခံ
29/04/19
ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ၏ စုပေါင်းအင်အားဖြင့် တည်ထားကိုးကွယ်လျက်ရှိသည့် ထာဝရငြိမ်ချမ်းရေးစေတီတော်တွင် ကိန်းဝပ်စံပယ်တော်မူမည့် စကျင်ဗုဒ္ဓရုပ်ပွားတော်များ၊ ရတနာစိန်ဖူးတော်၊ ရွှေငှက်မြတ်နားတော်နှင့်
ဇွဲကပင်တောင်တက် ကေဘယ်လ်တက်ဆင်ပြီးစီးပါက တစ်ကြိမ်လျှင် လူ ၅၀ ဦးတင်ဆောင်ပြီး ဇွဲကပင်တောင်ထိပ်ရှိ ဆံတော်ရှင်အား ဖူးမျှော်ရန် အချိန်လေးမိနစ်ခန့်သာ ကြာမြင့်တော့မည်ဖြစ်
29/04/19
ကရင်ပြည်နယ် ဘားအံမြို့နယ်ရှိ ဇွဲကပင်တောင်ပေါ်နှင့် လုမ္မနီဥယျာဉ်တွင် တပ်ဆင်တည်ဆောက်မည့် လူ ၅၀ ဦးစီးနိုင်သော ဇွဲကပင်ကေဘယ်လ်ကား စီမံကိန်းမှ ကေဘယ်လ်ကရိန်းငယ်နှင့် ဆက်စပ်ပစ္စည်းများကို
ဂေါက်သီးစည်းမျဉ်းသင်တန်း (R&A Level-1 Rules Seminar 2019) မန္တလေးမြို့တွင် ဖွင့်လှစ်မည်
29/04/19
မြန်မာနိုင်ငံ ဂေါက်သီးအားကစား ဖွံ့ဖြိုးတိုးတက်ရန်ရည်ရွယ်၍ မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်နှင့် R&A တို့ပူးပေါင်းဖွင့်လှစ်သော (R&A Level-1 Rules Seminar 2019) မန္တလေးသင်တန်းကို မေ (၁၉) ရက်တွင် မန္တလေးမြို့ရှိ ရွှေမန်းတောင်ဂေါက်ကွင်း၌ ဖွင့်လှစ်မည်ဖြစ်သည်။
မီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တွေ့ဆုံညှိနှိုင်းအစည်းအဝေး ကျင်းပ
29/04/19
မီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ
29/04/19
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာကော်မတီဆောင် I- 20 ၌ ကျင်းပသည်။
ကျောက်တော်မြို့နယ်၊ မဟာမုနိဘုရားကြီးလမ်းဆုံအနီး၌ AA အဖွဲ့ ထောင်ထားသော ဒေသန္တရလက်လုပ်မိုင်း ၃ လုံး တူးဖော်ရရှိ
29/04/19
ရန်ကုန်-အမ်း-စစ်တွေ ပြည်ထောင်စုကားလမ်းမကြီး၊ ကျောက်တော်-မြောက်ဦး လမ်းပိုင်းပေါ်ရှိ ကျောက်တော်မြို့ မဟာမုနိဘုရားကြီးလမ်းဆုံအနီး၌ ယနေ့နံနက်ပိုင်းက AA အဖွဲ့ ထောင်ထားသော ဒေသန္တရလက်လုပ်မိုင်း ၃ လုံးအား တပ်မတော် လုံခြုံရေးစစ်ကြောင်းက တူးဖော်ရရှိခဲ့ကြောင်း သိရသည်။
(၁၅)ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးကဏ္ဍ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီအစည်းအဝေးကျင်းပ
29/04/19
(၁၅)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးကဏ္ဍ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ပြောင်းလဲလာသောနည်းပညာကို ရင်ဆိုင်ရန်နှင့် တိုးတက်မှုများပါဝင်သည့် အနာဂတ်အလုပ်အကိုင်ဆိုင်ရာ ညီလာခံသို့တက်ရောက်
29/04/19
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် ယနေ့နံနက်ပိုင်းတွင် စင်ကာပူနိုင်ငံ၌ ကျင်းပသည့် ပြောင်းလဲလာသော နည်းပညာကို ရင်ဆိုင်ရန်နှင့် တိုးတက်မှုများပါဝင်သည့် အနာဂတ်အလုပ်အကိုင်ဆိုင်ရာအထူး အစီအစဉ်နှင့်ညီလာခံသို့ တက်ရောက်သည်။
မြိတ်၊ မိုးကုတ်နှင့် ပင်လောင်းမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
29/04/19
မူးယစ်တပ်ဖွဲ့စု(၃၅)မြိတ်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၂၈ ရက် ညနေပိုင်းတွင် မြိတ်မြို့၊ ရေပုန်းရပ်ကွက်၊ စပါးရွှေဝါလမ်း၌ ကျော်ကျော် (ခ) မောင်ကျော်အား စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ၄၆၀၅ ပြား သိမ်းဆည်းရမိခဲ့သည်။