Latest News
နောက်ဆုံးရသတင်းများ
ဗဟန်းမြို့နယ်ရှိ IGE Group Of Companies အဆောက်အဦတွင် မီးလောင်မှုဖြစ်
24/04/19
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်တွင် ယနေ့ မွန်းလွဲ ၁၂ နာရီက ကမ္ဘာအေး ဘုရားလမ်းပေါ်ရှိ နှင်းဆီကုန်း ဘိုး/ဘွားရိပ်သာအနီး IGE Group Of Companies အဆောက်အဦတွင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မြိတ်မြို့မှ ကျွန်းစုမြို့သို့ ပြေးဆွဲနေသော အမြန်ရေယာဉ်များအား သတ်မှတ်စည်းကမ်းနှင့် ကိုက်ညီမှုရှိ၊ မရှိ စစ်ဆေး
24/04/19
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့မှ ကျွန်းစုမြို့သို့ ပြေးဆွဲနေသော အမြန်ရေယာဉ်များတွင် သတ်မှတ်ထား သော စည်းကမ်းများနှင့် ကိုက်ညီမှု ရှိ၊ မရှိ စစ်ဆေးခြင်းကို ဧပြီ ၂၃ ရက်က သက်ဆိုင်ရာ တာဝန်ရှိသူများက အမြန်ရေယာဉ်ဂိတ်များတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ညောင်တုန်းမြို့၌ အခွန်ပညာပေး ရှင်းလင်းဆွေးနွေး
24/04/19
ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ် အခွန်ဦးစီးဌာနမှူးရုံးမှ မြို့နယ်အတွင်း ဟန်းဆက်နှင့် ဆက်စပ်ပစ္စည်း များရောင်းချနေသော လုပ်ငန်းရှင်များအား အခွန်ပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲက မြို့နယ် အခွန်ဦးစီးဌာနမှူးရုံး၌ ပြုလုပ်ခဲ့သည်။
မိတ္ထီလာမြို့နယ် သစ်တောဦးစီးဌာနမှလာမည့် မိုးရာသီကာလတွင် အရိပ်ရသစ်ပင် ၉ သောင်းဖြန့်ဝေစိုက်ပျိုးသွားမည်
24/04/19
မိတ္ထီလာမြို့နယ် သစ်တောဦးစီးဌာနမှလာမည့် မိုးရာသီကာလတွင် အရိပ်ရသစ်ပင် ၉သောင်းကို ကျေးရွာဒေသများနှင့် လိုအပ်သည့် ရပ်ကွက်များ၌ ဖြန့်ဝေစိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးမှူး ဦးစိုးလွင်သူ ထံက သိရသည်။
ဘားအံမြို့တွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် လျော့ချရေးဆရာဖြစ် သင်တန်းပေး
24/04/19
မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့်လျော့ချရေး ဆရာဖြစ်သင်တန်းကို ယနေ့ နံနက် ၁၀ နာရီက ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ဧဒင်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပုလောမြို့နယ်ရှိ ဖိုးရှမ်းကမ်းခြေတွင် အနယ်နယ်အရပ်ရပ်မှ အပန်းဖြေလာရောက် ရေကစားသူများဖြင့်စည်ကား
24/04/19
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာရှိ ဖိုးရှမ်းကမ်းခြေသို့ နှစ်သစ်ကူး မဟာသင်္ကြန်ကာလ ပြီးနောက်တွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာသူ၊ အပန်းဖြေလာရောက် ရေကစားသူများ ဖြင့် တစ်နေ့ထက်တစ်နေ့ ပိုမိုစည်းကားလျက်ရှိကြောင်း သိရသည်။
မြစိမ်းရောင်စီမံကိန်းချေးငွေဖြင့် ဆောင်ရွက်သည့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
24/04/19
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်း ကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ----------------
မန္တလေးဆေးရုံကြီးတွင် အပူဒဏ်သင့် လူနာများအတွက် စီမံချက်ချကာ ကြိုတင်ပြင်ဆင်ထား
24/04/19
မန္တလေးပြည်သူ့ဆေးရုံကြီး၌ အပူဒဏ်သင့် လူနာများအတွက် ကြိုတင်ကာကွယ်ရေးနှင့် အချိန်မီ ကုသပေးနိုင်ရန်---------
မုံရွာမြို့နယ်၌ ဧက(၅ဝ) အကျယ် ဝါးကျေးရွာတည်ထောင်ရေး မေလအတွင်း စတင်လုပ်ဆောင်မည်
24/04/19
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်း ဝါးနှင့်သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအသင်းမှ တည်ထောင်မည့် ဧက(၅ဝ)အကျယ်ရှိ ဝါးကျေးရွာအား မေလအတွင်း စတင်အကောင်အထည်ဖော် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ၄င်းအသင်း၏ ဥက္ကဋ္ဌဖြစ်သူ ဦးသန့်ဇင်၏ ပြောကြားချက်အရ သိရသည်။