Latest News
နောက်ဆုံးရသတင်းများ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်နှင့် ပူးတွဲစစ်ဦးစီးဌာန စစ်ဦးစီးချုပ်က ဂုဏ်ပြုတပ်ဖွဲ့ဖြင့်ကြိုဆို
09/04/19
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား တရုတ်နိုင်ငံဗဟို စစ်ကော်မရှင်အဖွဲ့ဝင်နှင့် ပူးတွဲစစ်ဦးစီးဌာနစစ်ဦးစီးချုပ် Gen. Li Zuocheng က ယနေ့မွန်းလွဲပိုင်းတွင် ပေကျင်းမြို့ရှိ Ba Yi ခန်းမဆောင်၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့်ကြိုဆိုသည်။
အုပ်စုနောက်တစ်ဆင့်ကို တက်လှမ်းနိုင်ခဲ့သည့် မြန်မာအသင်းအမျိုးသမီး ဘောလုံးအသင်း
09/04/19
၂၀၂၀ အိုလံပစ်အမျိုးသမီးဘောလုံးပြိုင်ပွဲ ဒုတိယအဆင့်ခြေစစ်ပွဲ အုပ်စု(က) ပွဲစဉ်များအား မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် မန္တလေးမြို့ရှိ မန္တလာသီရိဘောလုံးကွင်းနှင့် ဗထူးကွင်းတို့တွင် လက်ခံကျင်းပခဲ့ပြီး အုပ်စု(က)တွင် အိမ်ရှင် မြန်မာ၊ အိန္ဒိယ၊ အင်ဒိုနီးရှားနှင့် နီပေါအသင်းတို့ ပါဝင်ခဲ့သည်။
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရခိုင်အသင်းအဖွဲ့အစည်းများ တွေ့ဆုံညှိနှိုင်းအစည်းအဝေး ကျင်းပ
09/04/19
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရခိုင်အသင်းအဖွဲ့အစည်းများ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီခွဲက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၃)၌ ကျင်းပသည်။
(၁၅)ကြိမ်မြောက် အာဆီယံဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေးသို့ ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်နှင့် အဖွဲ့တက်ရောက်
09/04/19
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်နှင့်အဖွဲ့သည် ထိုင်းနိုင်ငံ၊ ချင်းရိုင် (Chiang Rai) မြို့၌ ဧပြီ ၃ ရက် မှ ၅ ရက်အထိ ကျင်းပခဲ့သည့် (၁၅) ကြိမ်မြောက် အာဆီယံဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေး (15th ACGM )၊ (၅)ကြိမ်မြောက် အာဆီယံယဏ္ဍာရေးဝန်ကြီးနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ ပူးတွဲအစည်းအဝေး (5th AFMGM)နှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ခဲ့သည်။
သမိုင်းဝင်ကျိုက်သလ္လံစေတီတော်မြတ်ကြီး ပြုပြင်မွမ်းမံရေးအတွက် အလှူငွေများ လှူဒါန်းနိုင်
09/04/19
မွန်ပြည်နယ် မော်လမြိုင်မြို့နယ်အတွင်း ၂၀၁၈ ခုနှစ် ဇွန် ၁၇ ရက်က မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး လေပြင်းထန်စွာ တိုက်ခတ်မှုများကြောင့် မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ တောင်ရိုးတန်းရှိ အထင်ကရသမိုင်းဝင် စေတီတော်တစ်ဆူဖြစ်သည့် ကျိုက်သလ္လံစေတီတော်မြတ်ကြီး၏ ကုန်းတော်၊ မြေထိန်းနံရံများနှင့် သာသနိက အဆောက်အဦများ ပြိုကျပျက်စီးခဲ့ရသည်။
အူရီဒူးမြန်မာမှ ပညာရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကျပ် ၁ ဒသမ ၂ ဘီလီယံ ကူညီဖြည့်ဆည်းပေးခဲ့
09/04/19
အူရီဒူးမြန်မာက ၁ မိနစ် ဖုန်းပြောတိုင်း ၁ ကျပ် လှူဒါန်းပေးမှု အစီအစဉ် ပြီးမြောက်ခြင်း အထိမ်းအမှတ်နှင့် ပညာရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကျိုးပြုလုပ်ငန်းများအား ရှင်းလင်းဆွေးနွေးသည့် “ပညာကြွယ်ဝလူမှုဘဝ” အခမ်းအနားကို ယနေ့ညနေ ၆ နာရီတွင် နေပြည်တော်ရှိ Hilton Hotel ၌ ကျင်းပသည်။
ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း) စီးပွားရေးကျွန်းစိုက်ခင်းနှင့် ရွှေသတ္တုတူးဖော်ခြင်း လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
09/04/19
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ဧပြီ ၇ ရက်တွင် မိုင်းဖြတ်မြို့နယ်၊ နမ့်လုံတောင်ကြိုးပြင် ကာကွယ်တော အကွက်အမှတ်(၂၀)အတွင်း သစ်တောဦးစီးဌာနက စိုက်ပျိုးတည်ထောင် ဆောင်ရွက်လျက်ရှိသည့် ၁/၂၀၁၇ စီးပွားရေးကျွန်းစိုက်ခင်းဧက (၅၀)၊ ၁/၂၀၁၈ စီပွားရေးကျွန်းစိုက်ခင်း ဧက (၅၀) တို့၏ ရှင်သန်အောင်မြင်မှု အခြေအနေနှင့် ၁/၂၀၁၉ စီးပွားရေးကျွန်းစိုက်ခင်းဧက (၅၀) ၏ စိုက်ခင်း အကြိုလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုတို့အား ကြည့်ရှုစစ်ဆေးသည်။
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် မိုးဆက်လက် ထစ်ချုန်းရွာနိုင်
09/04/19
နေပြည်တော် ၉ ဧပြီ