Latest News

နောက်ဆုံးရသတင်းများ

ပေ  ၁၀ဝ ကျော်ရှည်သော အင်ကြင်းပင် ကျောက်ဖြစ်ရုပ်ကြွင်း ပြသ

ပြည်တွင်း

17/03/19

ပေ ၁၀ဝ ကျော်ရှည်ရှိသော အင်ကြင်းပင် ကျောက်ဖြစ်ရုပ်ကြွင်းကို စတုတ္ထမြောက် အပင်အဖြစ် နွားထိုးကြီး ထရီးဂျိတ် အင်ကြင်းဥယျာဉ်က အများပြည်သူလေ့လာနိုင်ရန် ယခုရက်ပိုင်းတွင် အခမဲ့ ပြသထားကြောင်း သိရသည်။

ထီးချိုင့်မြို့နယ်တွင် ကြံတင်ယာဉ်ဖြစ်သန်းရာမှ တံတားတစ်စင်း ရေလယ်တိုင်တိမ်းစောင်း

မှုခင်း

17/03/19

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ထီးချိုင့်မြို့နယ် မန္တလေး-ဗန်းမော် ကားလမ်းပေါ်ရှိ မကျီးရှိုတံတားသည် ကြံတင်ယာဉ်ဖြစ်သန်းရာမှ လက်ရမ်းတိုင်များနှင့် တိုက်မိပြီး ရေလယ်တိုင် တိမ်းစောင်းသွားကြောင်း သိရသည်။

ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေရှားပါးသည့် ကျေးရွာများအား သောက်သုံးရေများလှူဒါန်း

ပြည်တွင်း

17/03/19

ညောင်ဦးမြို့နယ်အတွင်းရှိ သောက်သုံးရေရှားပါးသည့် ကျေးရွာများအား သောက်သုံးရေများ လှူဒါန်းခြင်းကို ယနေ့ နံနက် ၁၀ နာရီက ဖြူစင်မေတ္တာ ပရဟိတရေလှူအသင်းနှင့် သုမင်္ဂလာ ပရဟိတရေလှူအသင်းတို့ ပူးပေါင်း၍ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့၌ နွေရာသီ (အခြေခံ) အားကစားသင်တန်းများ ဖွင့်

အားကစား

17/03/19

ဒေးဒရဲ   ၁၇  မတ်

ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ် အားကစားနှင့် ကာယပညာကော်မတီမှ ကြီးမှူးဖွင့်လှစ်သော နွေရာသီ (အခြေခံ)အားကစားသင်တန်းများ ဖွင့်ပွဲအခမ်းအနားကို မတ် ၁၆ နံနက်ပိုင်းက ဒေးဒရဲမြို့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကမ္ဘာ့အကြီးဆုံး စည်တော်ကြီးကို ကောင်းမှုတော် စေတီတော်မြတ်ကြီးသို့ အခမ်းအနားဖြင့် စည်ကားသိုက်မြိုက်စွာ ပင့်ဆောင်ပူဇော်မည်

ပြည်တွင်း

17/03/19

စစ်ကိုင်း ၁၇ မတ်

ကမ္ဘာ့အကြီးဆုံး စည်တော်ကြီးကို စစ်ကိုင်းမြို့ ကောင်းမှုတော် စေတီတော်မြတ်ကြီးသို့ မတ် ၁၉ ရက်တွင် အခမ်းအနားဖြင့် စည်ကားသိုက်မြိုက်စွာ ပင့်ဆောင်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

ခင်ဦးမြို့၌ တားမြစ်ထားသော ကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ မရှိစစ်ဆေး

ပြည်တွင်း

17/03/19

ခင်ဦး  ၁၇  မတ်

စားသုံးသူပြည်သူများ ဘေးကင်းလုံခြုံစွာ စားသုံးနိုင်စေရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးကော်မတီတို့သည် ဈေးကွက်အတွင်းမှ စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ် မြို့ပေါ် (၅)ရပ်ကွက်ရှိ ဈေးဆိုင်များနှင့် လုပ်ငန်းရှင်များအား အသိပညာပေး ဟောပြောခြင်းလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကမ္ဘာကျော်ခံတပ်ဖြစ်ခဲ့သည့် မြို့ဖြူတော်ခံတပ် တည်ဆောက်ခြင်း (၇၅)နှစ်ပြည့် အထိမ်းအမှတ် ဆိုင်းဘုတ်တင်ပွဲပြုလုပ်

ပြည်တွင်း

17/03/19

အင်းတော်   ၁၇   မတ်

စစ်ကိုင်းဒေသကြီး အင်းတော်မြို့နယ်ရှိ ကမ္ဘာကျော်ခံတပ်ဖြစ်ခဲ့သည့် မြို့ဖြူတော်ခံတပ် တည်ဆောက်ခြင်း (၇၅)နှစ်ပြည့် အထိမ်းအမှတ် ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို မတ် ၁၆ ရက် နံနက်ပိုင်းက မော်လူးဒေသ ဟဲနုကျေးရွာအနီးတွင် ပြုလုပ်ခဲ့သည်။

(၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံ ညောင်လေးပင်၌ဖွင့်

ပြည်တွင်း

17/03/19

ပဲခူး  ၁၇ မတ်

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့တွင် ယနေ့ နံနက် ၉ နာရီက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာ ဦးစီးဌာနမှ (၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံ ဖွင့်ပွဲအခမ်းအနားကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

အုတ်တွင်းမြို့၌ ဗိုလ်ချုပ်ကြေးရုပ်ထုတင်ခုံနှင့် ရင်ပြင်တည်ဆောက်ရေး ပန္နက်တင်ခြင်းပြုလုပ်

ပြည်တွင်း

17/03/19

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့တွင် ယနေ့ နံနက် ၇ နာရီက ဗိုလ်ချုပ်ကြေးရုပ်တု တင်ခုံနှင့် ရင်ပြင်တည်ဆောက်ရေး ပန္နက်တင် မင်္ဂလာအခမ်းအနားကို ပြုလုပ်ခဲ့သည်။

ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်များ ထွက်ပေါ်လာ

အားကစား

17/03/19

၂၀၁၈-၂၀၁၉ ခုနှစ် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်များ ကစားပြီးချိန်မှာတော့ ကွာတားဖိုင်နယ်ပွဲစဉ်များကို မတ် ၁၆ ရက်က ဆွစ်ဇာလန်နိုင်ငံ နိုင်ယွန်မြို့မှာ မြန်မာစံတော်ချိန် ၅ နာရီခွဲက မဲခွဲရွေးချယ်ခဲ့ရာ ရင်ခုန်စိတ်လှုပ်ရှားဖွယ် တွဲဖက်အသင်းတွေ ထွက်ပေါ်လာခဲ့သည်။