Latest News
နောက်ဆုံးရသတင်းများ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျ သံအမတ်ကြီး H.E. Ms. Andrea Faulkner နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ
13/03/19
နေပြည်တော် ၁၃ မတ်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျ သံအမတ်ကြီး H.E. Ms. Andrea Faulkner နှင့်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌရုံး၊ ဧည့်တွေ့ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
ချင်းပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်မှု တိုးတက်ကောင်းမွန်ရေး စက်ယန္တရားကြီးများဖြင့် ဆောင်ရွက်လျက်ရှိ
13/03/19
ချင်းပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအရေးပါသည့် လမ်းပန်းဆက်သွယ်မှုများ တိုးတက်ကောင်းမွန်စေရေးအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုနှင့်အတူ လမ်းအထူး(၁၀)မှ ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများပိုမိုတိုးတက်ကောင်းမွန်စေရေးအတွက် ခေတ်မီစက်ယန္တရားကြီးများကို အသုံးပြုလျက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံ သံအမတ်ကြီး တွေ့ဆုံ
13/03/19
နေပြည်တော် ၁၃ မတ်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနှင့် မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံ သံအမတ်ကြီး H.E Mr. Tim Enderlin တို့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝန်ကြီးရုံး မေခလာခန်းမ၌ တွေ့ဆုံကြသည်။
ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ လုပ်ငန်းများ ပြန်လည်သုံးသပ်ခြင်းနှင့်ရှေ့လုပ်ငန်းစဉ်များ ရေးဆွဲခြင်း အစည်းအဝေး ကျင်းပ
13/03/19
ကျောက်မဲ ၁၃ မတ်
ကလေးသူငယ်အခွင့်အရေးဆိုင်ရာ လုပ်ငန်းများ ပြန်လည်သုံးသပ်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များ ရေးဆွဲခြင်းဆိုင်ရာ ကော်မတီအစည်းအဝေးကို မတ်လ(၁၃) ရက် နံနက်(၁၀) နာရီ အချိန်က ကျောက်မဲခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများနေ့ 2019 အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်
13/03/19
မန္တလေး ၁၃ မတ်
Mandalay Community Center အပါအဝင် မြစ်ချောင်းများနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့များ ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများနေ့ ၂၀၁၉ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ချမ်းအေးသာစံမြို့နယ်ရှိ Hotel Sakura Princess ၌ ကျင်းပသည်။
Public Expenditure and Financial Accountability (PEFA) Assessment Launch အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း တက်ရောက်
13/03/19
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းဆောင်ရွက်သည့် Public Expenditure and Financial Accountability (PEFA) Assessment Launch အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Hilton Hotel ၌ ကျင်းပသည်။
နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမျိုးအောင် လယ်ဝေးမြို့နယ်အတွင်းရှိ စာစစ်ဌာနများအားလှည့်လည်ကြည့်ရှု
13/03/19
လယ်ဝေး ၁၃ မတ်
နေပြည်တော် ကောင်စီဥက္ကဌ ဒေါက်တာမျိုးအောင်နှင့် ကောင်စီဝင်များသည် ယနေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ်အတွင်းရှိ စာစစ်ဌာနများတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေမှုများအား သွား ရောက်ကြည့်ရှုအားပေးသည်။
ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး ကိုရီးယားနိုင်ငံ Institute of Justice မှ Deputy President Mrs. Lee Young Joo နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ
13/03/19
ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် ကိုရီးယားနိုင်ငံ Institute of Justice မှ Deputy President Mrs. Lee Young Joo နှင့် အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ
ကချင်ပြည်နယ်တွင် နေရာကွက်ကျား မိုးအနည်းငယ် ထစ်ချုန်းရွာနိုင်
13/03/19
နေပြည်တော် ၁၃ မတ်
၂၀၁၉ ခုနှစ်၊ မတ်လ (၁၃)ရက်နေ့ ညနေ(၄းဝ၀)နာရီအချိန် မိုးဇလမှ ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျနိုင်ငံ သံအမတ်ကြီးနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ
13/03/19
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် မြန်မာ နိုင်ငံဆိုင်ရာ သြစတြေးလျနိုင်ငံ သံအမတ်ကြီး H.E. Ms. Andrea Faulkner နှင့် ------