Latest News
နောက်ဆုံးရသတင်းများ
၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲများ စတင်ကျင်းပ၊ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျောင်းသား ကျောင်းသူ (၈၅၁၅၇၀)ဦး ဝင်ရောက်ဖြေဆို
06/03/19
မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက်ပိုင်းတွင် စတင်ဖြေဆိုကြရာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းသား ကျောင်းသူ စုစုပေါင်း (၈၅၁၅၇၀)ဦး ဝင်ရောက်ဖြေဆိုကြောင်း သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ ရခိုင်ပြည်နယ်မှ ၄၂၄၁၆ ဦး ဝင်ရောက်ဖြေဆို
06/03/19
၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်ကို မြန်မာတစ်နိုင်ငံလုံးတွင် စတင်စစ်ဆေးရာ
ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်ထံ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအမျိုးသမီးရေးရာအဖွဲ့ (UN Women ) ဌာနေကိုယ်စားလှယ်က ခန့်အပ်လွှာပေးအပ်
06/03/19
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအမျိုးသမီးရေးရာအဖွဲ့ (UN Women ) ဌာနေကိုယ်စားလှယ်အဖြစ် ခန့်အပ်ခြင်းခံရသူ Mr. Nicolas Burniat အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
ဒုတိယဝန်ကြီး ဦးအောင်ထူးနှင့် မြန်မာနိုင်ငံဆိုင်ရာ မလေးရှားနိုင်ငံ သံအမတ်ကြီးတို့တွေ့ဆုံ
06/03/19
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးနှင့် မြန်မာနိုင်ငံဆိုင်ရာ မလေးရှားနိုင်ငံ သံအမတ်ကြီး H.E. Mr. Zahairi Baharim တို့သည် ယနေ့ညနေ ၄ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး၌ တွေ့ဆုံကြသည်။
မြို့နယ်အချို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
06/03/19
မတ် ၅ ရက် နံနက် ၉ နာရီက မူးယစ်တပ်ဖွဲ့စု(၃၅) မြိတ်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာအုပ်စု၊ ရွှေပေးရပ်ကွက်၊ ငြိမ်းချမ်းရေးလမ်းနေ ကျော်သူရ(ခ)သားပု၏ နေအိမ်ကို ရှာဖွေရာ ဘိန်းစာမှုန့် ၁၈ ဒသမ ၁ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၆ ပြားနှင့် လက်ကိုင်ဖုန်း ၁ လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။
EOI ခေါ်ယူရေးနှင့် စိစစ်ရွေးချယ်ရေးအဖွဲ့ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ဒုတိယဝန်ကြီး ဦးအောင်ထူး တက်ရောက်
06/03/19
မြန်မာ - တရုတ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်ရေးအတွက် EOI (Expression of Interest) ခေါ်ယူရေးနှင့် စိစစ်ရွေးချယ်ရေးအဖွဲ့ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
မြန်မာနိုင်ငံတွင် အားဖြည့်ဆန်မိတ်ဆက်ခြင်း စီမံကိန်းနှင့်စပ်လျဉ်း၍ ဆွေးနွေး
06/03/19
ပြည်သူ့လွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးရန်လင်း၊ ကျန်းမာရေးနှင့် အားကစား ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာစံရွှေဝင်း၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဒေါက်တာအောင်ထွန်းခိုင်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာဖြူဖြူအေး ဦးဆောင်သော အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-10) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးကြည်မိုးနိုင် မြန်မာမိုးနတ်မင်း ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူများအား လက်ခံတွေ့ဆုံ
06/03/19
ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးကြည်မိုးနိုင်သည် မြန်မာမိုးနတ်မင်း ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူများအား
တက္ကသိုလ်ဝင်စာမေးပွဲ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် မြန်မာစာ ဘာသာဖြေဆိုသူ ၈၅၁၅၇၀ ရှိ
06/03/19
၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်ကို ယနေ့ စတင်ဖြေဆိုကြသည်။
၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၌ ၁၂၁၇၅၉ ဦး ဝင်ရောက်ဖြေဆို
06/03/19
၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ယနေ့ နံနက်ပိုင်းမှ စတင်ဖြေဆိုရာ ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ဖြေဆိုခဲ့ကြကြောင်း သိရသည်။
အဖတ်များဆုံး သတင်း
- 22/Jun/2026