Latest News

နောက်ဆုံးရသတင်းများ

ချောက်မြို့နယ်၌ မှုခင်းကျဆင်းရေး အသိပညာပေးဟောပြော

ပြည်တွင်း

27/02/19

မကွေးတိုင်းဒေသကြီးချောက်မြို့နယ် ကြို့ပင်ကျေးရွာအုပ်စု တောင်တဲကြီး ကျေးရွာ တာဝန်ခံဦးကျော်လင်း၏နေအိမ်၌ ယမန်နေ့က မှုခင်းကျဆင်ရေးနှင့် သက်ငယ်မုဒိမ်း၊ မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေး၊ ယာဉ်/လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်တွင် မီးလောင်မှုဖြစ်ပွား

မှုခင်း

27/02/19

ယနေ့ နံနက် ၁၀ နာရီ ၃၅ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၄ လမ်းနှင့် ၆၅ ကြား မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် level1 ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်းသတ်ခဲ့ပြီး နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ကနဦး သတင်းသိရသည်။

ဒလမြို့နယ်တွင် နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်

အားကစား

27/02/19

ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် အားကစားအဖွဲ့ချုပ်များမှ ဦးစီး၍ မတ်လ ၁ ရက်နေ့တွင် နွေရာသီ အားကစား သင်တန်းများအား မြို့မအားကစားခန်းမတွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

မြစ်သားမြို့၌ ကျေးလက်ဒေသဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ကျင်းပ

ပြည်တွင်း

27/02/19

မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်တွင် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများက ပူးပေါင်း၍ ကျေးလက်ဒေသဖွံ့ဖြိုးရေး  ခေါင်းစဉ်ဖြင့် ပြည်သူ့ စကားဝိုင်းကို ဖေဖော်ဝါရီ ၂၆ ရက် မွန်းလွဲ ၁ နာရီက မိုင်းမောကျေးရွာအုပ်စု၊ အောင်ချမ်းသာကျေးရွာ ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မြင်းခြံခရိုင်တွင် တက္ကသိုလ်ဝင်စာမေးပွဲအား စာစစ်ဌာန ၂၈ ဖြင့် ပြုလုပ်သွားမည်

ပြည်တွင်း

27/02/19

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်တွင် ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြို့နယ် ၄ ခုရှိ စာစစ်ဌာန ၂၈ ခုတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကြို့ပင်ကောက်မြို့နယ်၌ စာစစ်ဌာနတစ်ခုတိုး၍ကျင်းပမည်

ပညာရေး

27/02/19

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲများကို မတ်လ ၆ ရက်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စတင် ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ကြို့ပင်ကောက်မြို့နယ်တွင် အထက(လယ်တီ) စာစစ်ဌာနတစ်ခုတိုး၍ စာစစ်ဌာန စုစုပေါင်း ၄ ခုဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲများကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကျောက်စိမ်းကုန်ကြမ်း ရရှိရေးနှင့် ဈေးကွက်ဖော်ဆောင်နိုင်ရေးအတွက် ပုဂ္ဂလိကကုမ္ပဏီများက ကျောက်စိမ်းကုန်ကြမ်း(အရိုင်း)များ ရောင်းချ

ပြည်တွင်း

27/02/19

ပြည်တွင်း/ပြည်ပ ဈေးကွက်ဖော်ဆောင်နိုင်ရေးအတွက် ပုဂ္ဂလိက ကျောက်စိမ်းကျောက်မျက်ကုမ္ပဏီ ၅ ခုက ကျောက်စိမ်းကုန်ကြမ်း(အရိုင်း)များ ရောင်းချပေးကြောင်း မြန်မာသူရ ကျောက်မျက်ကုမ္ပဏီမှ သိရသည်။

ညောင်ပင်ကားယားကျေးရွာတာဘေးရှိ နေအိမ်တစ်လုံးမီးလောင်

မှုခင်း

27/02/19

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မိုးညိုမြို့နယ် ဖန်ခါးပင်အုပ်စု၊ ညောင်ပင်ကားယား ကျေးရွာတာဘေးရှိ နေအိမ်တစ်လုံးတွင် ဖေဖော်ဝါရီ ၂၆ ရက် မွန်းလွဲ ၂ နာရီခွဲ ခန့်က ဆိုလာပြားအားသွင်းရာမှ ရှော့ဖြစ်၍ နေအိမ်အား မီးစွဲလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။   

စလင်းမြို့တွင် မှုခင်းပညာပေးပြခန်းယာဉ်ဖြင့် လှည့်လည်ပြသ

ပြည်တွင်း

27/02/19

မကွေးတိုင်းဒေသကြီး စလင်းမြို့တွင် မှုခင်းပညာပေးပြခန်းယာဉ်ဖြင့် လှည့်လည်ပြသဟောပြောခြင်းကို ယနေ့ နံနက်ပိုင်းက စလင်းမြို့ စည်ပင်သာယာပန်းခြံ နှင့် မြို့မဈေးလမ်းထောင့်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေစဉ် မီးဘေးအန္တရာယ်ကင်းရှင်းရေး ကြိုတင်စစ်ဆေးဆောင်ရွက်ပေး

ပြည်တွင်း

27/02/19

၂၀၁၉ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုနေစဉ် ကာလအတွင်း ပလောက်မြို့ အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာန၌ စာမေးပွဲဖြေဆိုကြမည့် တက္ကသိုလ်ဝင်ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် စာမေးပွဲဖြေဆိုနိုင်ရန်နှင့် မီးဘေးအန္တရာယ်ကင်းရှင်း၍ မီးလောင်မှု၊ မီးထိတ်လန့်မှုမရှိစေ ရေးအတွက် ယနေ့ ကြိုတင်စစ်ဆေးမှုများဆောင်ရွက်ခဲ့သည်။

အဖတ်များဆုံး သတင်း