Latest News

နောက်ဆုံးရသတင်းများ

ကာရာဘောင်းဖလားကို (၆)ကြိမ်အထိ ရယူထားနိုင်ခဲ့တဲ့ မန်စီးတီး

အားကစား

25/02/19

ကာဘာဘောင်းဖလားဗိုလ်လုပွဲအဖြစ် တနင်္ဂနွေနေ့ညက မန်စီးတီးအသင်းနှင့် ချယ်လ်ဆီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မန်စီးတီးအသင်းက ပယ်နယ်တီ  အဆုံးအဖြတ်ဖြင့် ချယ်လ်ဆီးကို အနိုင်ရရှိကာ ကာရာဘောင်းဖလားကို ၆ ကြိမ် မြောက် ကိုင်မြှောက်သွားနိုင်ခဲ့သည်။ မန်စီးတီးနှင့်ချယ်လ်ဆီးတို့ဟာ သာမန်ပွဲကစားချိန် မိနစ် ၁၂၀ အထိ သရေကျ နေခဲ့သဖြင့် ပယ်နယ်တီအသင်းဆုံးအဖြတ် ကန်သွင်းကြရာ လေးဂိုး-သုံးဂိုးဖြင့် မန်စီးတီးအသင်းတို့ အနိုင်ရရှိခဲ့ဖြစ်ပြီး ယခုဖလားပြိုင်ပွဲ သက်တမ်းတစ်လျှောက် ဒုတိယ အအောင်မြင်ဆုံးအသင်း ဖြစ်လာခဲ့သည်။

ငမြှောင်တောင်ပိုးကာကွယ်ရေးနှင့် မီးထောင်ချောက်အသုံးပြုရေး ကွင်းဆင်းဟောပြော

ပြည်တွင်း

25/02/19

နေပြည်တော်ဥတ္တရခရိုင် တပ်ကုန်းမြို့နယ်တွင် ငမြှောင်တောင်ပိုးကာကွယ်ရေးနှင့် မီးထောင်ချောက် အသုံးပြုရေး တောင်သူအသိပညာပေး ဟောပြောပွဲကို ယမန်နေ့က ရေအေးကျေးရွာ အုပ်စု ရေအေးကျေး ရွာစိုက်ပျိုးစီးပွားအသိပညာပေးစင်တာတွင် ကျင်းပသည်။

ထီးလင်းမြို့နယ် မိုးကောင်းကျေးရွာတွင် လူထုဗဟိုပြု စီမံကိန်း ဝေဖန်အကြံပြု တိုင်ကြားဖြေရှင်းရေးဆိုင်ရာ သင်တန်းဖွင့်

ပြည်တွင်း

25/02/19

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ လူထုဗဟိပြု စီမံကိန်းရုံးမှ တတိယနှစ်စက်ဝန်း လူထုဗဟိုပြု စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်၍ --------

ထီးလင်းမြို့နယ်၌ နွေစပါးကို ဆန်ခါပိုက်ဖြင့် ပျိုးထောင်ခြင်း ကွင်းသရုပ်ပြပွဲကျင်းပ

ပြည်တွင်း

25/02/19

မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ကြီးမှူးပြုလုပ်သည့် နွေစပါးကို ဆန်ခါပိုက်ဖြင့်ပျိုးထောင်ခြင်း ကွင်း သရုပ်ပြပွဲကို

ပဲခူးမြို့နယ် ဘုရားကြီးမြို့တွင် အခြေခံလျှပ်စစ်ကျွမ်းကျင်မှု ရွေ့လျားသင်တန်းဖွင့်

ပြည်တွင်း

25/02/19

ပဲခူးမြို့နယ် ဘုရားကြီးမြို့ စက်မှုလယ်ယာသင်တန်းကျောင်းတွင် ယနေ့နံနက် ၉ နာရီက စက်မှုဝန်ကြီး ဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းပြီး ကျေးလက်ဒေသ အခြေခံလျှပ်စစ်ကျွမ်းကျင်မှု ရွေ့လျား သင်တန်း အမှတ်စဉ် (၃/၂၀၁၉) ဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်သည်။

သထုံတွင် စာဖတ်ရှိန်မြှင့်တင်ရေးစာအုပ်ဈေးရောင်းပွဲတော် ကျင်းပ

ပြည်တွင်း

25/02/19

မွန်ပြည်နယ်၊ သထုံမြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းနှင့် စာပေပြန့်ပွားရေး အဖွဲ့တို့ ပူးပေါင်းကာ ကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်ဈေးရောင်းပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက သထုံမြို့၏ကျက်သရေဆောင် ရွှေစာရံစေတီတော် မြောက်ဘက်မုခ်အနီး၌ ကျင်းပခဲ့သည်။

မန်ယူနှင့်လီဗာပူးတို့ သရေကျခဲ့သည့် အင်္ဂလန်ဒါဘီပွဲစဉ်

ပြည်တွင်း

25/02/19

တနင်္ဂနွေနေ့ည ပရီမီယားလိဂ် ပွဲစဉ်(၂၇)အဖြစ် အင်္ဂလန်ဒါဘီပွဲစဉ်အဖြစ် မန်ယူအသင်းနှင့် လီဗာပူးအသင်းတို့ အိုးထရက်ဖို့စ်တွင် ယှဉ်ပြိုင်ကစားခဲ့ရာ သရေပွဲဖြင့်သာ ပြီးဆုံးသွားခဲ့ကြသည်။ယခုကစားခဲ့သည် မန်ယူနှင့်လီဗာပူးတို့ရဲ့ အင်္ဂလန်ဒါဘီပွဲစဉ်ဟာ ပရိသတ်တို့ ထင်မှတ်ထားသလို ပွဲကြီးပွဲကောင်းတစ်ပွဲ ဖြစ်မလာခဲ့သလို ပရိသတ်တို့ မျှော်လင့်ထားတဲ့ အပြန်အလန်သွင်းဂိုးတွေကိုလည်း သွင်းယူနိုင်ခြင်း မရှိတာကို တွေ့ရသည်။

ကျောက်ပန်းတောင်းမြို့နယ် စိန်တစ်လုံးသရက်စိုက်ခြံပိုင်ရှင်များ အသီးမတင်မည်ကိုစိုးရိမ်နေ

စီးပွားရေး

25/02/19

ကျောက်ပန်းတောင်း  ၂၅ ဖေဖော်ဝါရီ

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ စိန်တစ်လုံးသရက်စိုက်ပျိုးကြ သည့် သရက်ခြံပိုင်ရှင်များ ဖေဖော်ဝါရီလ ၁၇ ရက်က တိုက်ခတ်ခဲ့သည့် လေနီကြမ်းကြောင့် သရက်ပွင့်များ၊ သရက် သီးကင်းများ လေကြမ်းထိကာ သရက်သီးမတင်မည်ကို စိုးရိမ်နေကြကြောင်း ဆင်ဆင်းကျေးရွာ စိန်တစ်လုံး ခြံပိုင်ရှင် ဦးအောင်ဝင်းက ပြောပြသည်။

 

မီးဘေးသင့်သူများအား ထောက်ပံ့

ပြည်တွင်း

25/02/19

နေပြည်တော် ဇေယျာသီရိမြို့နယ် ပေါင်းလောင်းရေအား လျှပ်စစ်ဝင်းအတွင်း ဖေဖော်ဝါရီလ ၂၄ ရက် နံနက် ၃ နာရီက မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးဘေးသင့်သူများအား  နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး မင်းနောင်နှင့် ဌာနဆိုင်ရာများသွားရောက်၍ ယင်းနေ့ မွန်းလွဲပိုင်းက ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေ များ ပေးအပ်ခဲ့ကြောင်းသိရသည်။    

ဥတ္တရသီရိမြို့နယ်တွင် မီးဘေးအန္တရာယ်ကင်းရှင်းစေရေး လိုက်လံစစ်ဆေးခြင်းများ ဆောင်ရွက်

ပြည်တွင်း

25/02/19

နေပြည်တော် ဥတ္တရသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် မီးဘေးလုံခြုံရေး၊ မီးဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်နှင့် လိုက်နာရမည့်အချက်များ၊ ရှောင်ကြဉ်ရမည့်အချက်များကို ပြည်သူများ သိရှိစေရန်အတွက် ယနေ့နံနက် ၉ နာရီက ဥတ္တရသီရိမြို့နယ် မီးသတ်စခန်းမှ တာဝန်ရှိသူများက ဥတ္တရသီရိရပ်ကွက်(ချင်းရွာ)သို့ သွားရောက်၍ စစ်ဆေးခဲ့သည်။

အဖတ်များဆုံး သတင်း