Latest News
နောက်ဆုံးရသတင်းများ
ကျောက်စိမ်းစေတီတော်အား အမြန်လမ်းမကြီးဘက်မှ အလွယ်တကူ ဝင်ရောက်ဖူးမြော်နိုင်သော လမ်းပေါက်ရရှိရေး ဆောင်ရွက်လျက်ရှိ
16/02/19
မန္တလေးတိုင်းဒေသကြီးရှိ ဝေရောစန ကျောက်စိမ်းစေတီတော်မြတ်ကြီးသည် အမရပူရမြို့နယ် ဆင်ရွာ-မြင်းမှူးကျေးရွာ၊ ရန်ုကုန်-မန္တလေး အမြန်လမ်းမကြီးဘေး မိုင်တိုင် (၃၆၁) ၏ အနောက်ဘက် ကိုက် ၂၀ဝ၊ စစ်ကိုင်းမြစ်ငယ် ကားလမ်းမိုင်တိုင် (၄/၇) ၏ တောင်ဘက် ပေ ၁၀ဝ၀ ခန့် အကွာတွင် တည်ထားလျက်ရှိသည်။
ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် လာအိုနိုင်ငံတွင်ကျင်းပသည့် ဒုတိယအကြိမ် မြန်မာ-လာအို နှစ်နိုင်ငံအကြား လျှပ်စစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီ ဝန်ကြီးအဆင့် အစည်းအဝေးသို့ တက်ရောက်
16/02/19
လာအိုနိုင်ငံ၊ Luang Prabang မြို့ရှိ Luang Prabang View Hotel ၌ နှစ်နိုင်ငံ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်းဆိုင်ရာ ကိစ္စများအား ဆွေးနွေးသည်။
ဖေဖော်ဝါရီ ၂၂ ရက်တွင် စတင်ပြသမည့် Hero ရုပ်ရှင်အထူးပွဲမိတ်ဆက်
16/02/19
နိုင်ငံခြားသား ရုပ်ရှင်ဒါရိုက်တာတစ်ဦး ရိုက်ကူးထားသည့် Hero ရုပ်ရှင် အထူးပြသပွဲကို ရန်ကုန်မြို့ သမ္မတရုံတွင် ဖေဖော်ဝါရီ ၁၅ ရက်ညပိုင်းက မိတ်ဆက်ပြသသည်။
ရေနံချောင်းမြို့ ရှစ်မျက်နှာဘုရားဝန်း၌ ချုံနွယ်များရှင်းလင်းခြင်းနှင့် ပလတ်စတစ်ကင်းစင်ရေး အမှိုက်ကောက်ခြင်း ဆောင်ရွက်
16/02/19
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ကြက်ခြေနီအသင်းခွဲ၏ ဦးဆောင်မှုဖြင့် ချုံနွယ်များရှင်းလင်းခြင်းနှင့် ပလတ်စတစ်ကင်းစင်ရေး အမှိုက်ကောက်ခြင်းလှုပ်ရှားမှုကို ယနေ့ နံနက် ၈ နာရီက ရှစ်မျက်နှာဘုရားဝန်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လာမည့်ရက်များတွင် မြန်မာနိုင်ငံ အထက်ပိုင်းဒေသများတွင် ညအပူချိန်များ အနည်းငယ်လျော့နည်းနိုင်
16/02/19
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ည ၇ နာရီ ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော် အခြေအနေမှာ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေသည်။
မူဆယ်တွင် မီးအားမြှင့်စက် အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား
16/02/19
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့တွင် ဖေဖော်ဝါရီ ၁၆ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၅၀ ခန့်က ကောင်းမှုတုံရပ်ကွက် (မြန်မာ့စီးပွားရေးဘဏ်ကပ်ရပ်)၊ ဖုန်းအရောင်းဆိုင်ရှိ မီးအားမြှင့်စက် အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဘားအံစက်မှုဇုန်ရှိ လူငယ်သင်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်ပေး
16/02/19
ကရင်ပြည်နယ်၊ ဘားအံစက်မှုဇုန်အနီးရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာ သင်တန်းကျောင်း(ဘားအံ)တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် Bridge Asia Japan (BAJ) တို့ ပူးပေါင်းပြီး
ကချင်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးနှင့် ဖားကန့်ဒေသခံပြည်သူများ တွေ့ဆုံ
16/02/19
ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ သီရိမင်္ဂလာမဏိဇေယျုံ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကချင်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက .....
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စုလွှတ်တော် ရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ရန်ပုံငွေပေးအပ်ပွဲကျင်းပ
16/02/19
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စုလွှတ်တော် ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ရန်ပုံငွေပေးအပ်ပွဲကို ဝါးခယ်မမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ မွန်းလွဲ ၂ နာရီခွဲက ကျင်းပပြုလုပ်သည်။
ကောလင်းမြို့နယ်တွင် ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း(၁၀ဝ၀)ဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများအား ရန်ပုံငွေလွှဲပြောင်းပေးအပ်
16/02/19
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဇာတိမာန်ခန်းမ၌ ဖေဖော်ဝါရီ ၁၆ ရက် မွန်းလွဲ ၁ နာရီက ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေကျပ်သိန်း (၁၀ဝ၀)ဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများအား ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား ကျင်းပသည်။