Latest News

နောက်ဆုံးရသတင်းများ

ကမ္ဘာ့ရေနေ့ ၂၀၂၄ အထိမ်းအမှတ် ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲအခမ်းအနားတွင် အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီအတွင်းရေးမှူး၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းအဖွင့်အမှာစကားပြောကြား

ပြည်တွင်း

23/03/24

နေပြည်တော် မတ် ၂၃

၂၀၂၄ ခုနှစ်၊ မတ်လ ၂၂ ရက်တွင် ကျရောက်သည့် ကမ္ဘာ့ရေနေ့ ၂၀၂၄ အထိမ်းအမှတ် ဖွင့်ပွဲအခမ်းအနားနှင့်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂)၊ နေပြည်တော်၌ ကျင်းပခဲ့ပြီး မွန်းလွဲပိုင်းတွင် ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲများကို ဆက်လက်ကျင်းပသည်။