Latest News
နောက်ဆုံးရသတင်းများ
ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ရွှေစင်ရွှေပြားကပ်လှူရေး ပထမအကြိမ် အလှူတော်ငွေပေးအပ်ပွဲ အခမ်းအနားကျင်းပ
13/03/24
နေပြည်တော် မတ် ၁၃
နေပြည်တော် ဥပ္ပါတသန္တိကုန်းတော်ပေါ်၌ တည်ထားကိုးကွယ်လျက်ရှိသည့် ဥပ္ပါတ သန္တိစေတီတော်မြတ်ကြီး၏ ပထမဖောင်းရစ် ဧရိယာ (၃၄၈၅) စတုရန်းပေအား ရွှေစင်ရွှေပြား များ ကပ်လှူပူဇော်နိုင်ရန် ပထမအကြိမ် အလှူတော်ငွေ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီတွင် အဆိုပါစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ရှိ ဓမ္မာရုံ၌ ကျင်းပသည်။
သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးခဲ့သော နန်းယွန်း-ပန်ဆောင် လမ်းပိုင်း ပြန်လည်တည်ဆောက်ခြင်း လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး
13/03/24
နေပြည်တော် မတ် ၁၄
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် နန်းယွန်း-ပန်ဆောင် လမ်းပိုင်း တွင် လမ်းသားပျက်ကျခြင်းနှင့် Box Culvert ၁ စင်း မြေကာနံရံ တစ်ဖက်လဲကျပြီး လမ်းသား ပြိုကျပျက်စီးခဲ့သည်။
ဥပဒေရေးရာဝန်ကြီးဌာနက ဥပဒေဘာသာပြန်စာအုပ်အမှတ် (၁၃) ထုတ်ဝေ
13/03/24
နေပြည်တော် မတ် ၁၃
ဥပဒေရေးရာဝန်ကြီးဌာနသည် ဥပဒေဘာသာပြန်ကော်မရှင်က မြန်မာဘာသာသို့ ပြန်ဆို ပြီးသည့် ဥပဒေများကို စာအုပ်ထုတ်ဝေလျက်ရှိရာ ဥပဒေဘာသာပြန်စာအုပ်အမှတ် (၁၃) ကို ထုတ်ဝေပြီးဖြစ်သည်။