Latest News
နောက်ဆုံးရသတင်းများ
ကျောက်ဆည်မြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား ကျောင်းသူ ၉၀၀ ကျော် ဖြေဆို
11/03/24
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ် ၁၁ ရက် နံနက်ပိုင်းက ကျင်းပရာ မြန်မာစာဘာသာရပ်ကို ကျောင်းသား ကျောင်းသူ ၉၂၆ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြသည်။
ခရိုင်(ပြန်/ဆက်)
သထုံ၌ တက္ကသိုလ်ဝင်စာမေးပွဲ ပထမရက် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ လာရောက်ဖြေဆို
11/03/24
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲအတွက် စာစစ်ဌာန နှစ်ခုထားရှိပြီး မတ် ၁၁ ရက်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့အဖြစ် မြန်မာစာဘာသာရပ်ကို ကျောင်းသား ကျောင်းသူ စုစုပေါင်း ၄၅၉ ဦး ဝင်ရောက်ဖြေဆိုခဲ့သည်။
ခရိုင်(ပြန်/ဆက်)
သန်လျင်အထက(၁)၌ တက္ကသိုလ်ဝင်စာမေးပွဲ ကျောင်းသားကျောင်းသူများ အေးချမ်းစွာဖြေဆို
11/03/24
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၏ စာစစ်ဌာနဖြစ်သော အထက(၁)သန်လျင်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာဘာသာရပ်ကို မတ် ၁၁ ရက် နံနက်ပိုင်းက ကျင်းပရာ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၆၉၅ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြသည်။
သန်းဝင်း(သန်လျင်)
မိုင်းရှူးမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ စတင်ဖြေဆို
11/03/24
၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်၌ မတ် ၁၁ ရက် နံနက်ပိုင်းက ကျင်းပရာ မြန်မာစာဘာသာရပ်ကို အထက မိုင်းရှူးစာစစ်ဌာနနှင့် အထက ဝမ်ကန်စာစစ်ဌာန နှစ်ခုတို့တွင် ကျောင်းသား ကျောင်းသူ ၈၀ တို့က ဝင်ရောက်ဖြေဆိုခဲ့သည်။
မြို့နယ်(ပြန်/ဆက်)
တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကွက်ကျား မိုးအနည်းငယ် ထစ်ချုန်းရွာနိုင်
11/03/24
၂၀၂၄ ခုနှစ်၊ မတ်လ ၈ ရက် နံနက် ၇ နာရီ ထုတ်ပြန်ချက်
သမီးလှကျွန်း ပင်လယ်လိပ်မျိုး ထိန်းသိမ်းရေးစခန်းမှ လိပ်လှောင်းသားပေါက် ၁၁၂ ကောင် ပင်လယ်သို့ပြန်လွှတ်
11/03/24
လှိုင်မျိုးအောင်(ဟိုင်းကြီးကျွန်း)