Latest News

နောက်ဆုံးရသတင်းများ

ငါးလုပ်ငန်းဆိုင်ရာ သုတေသနရန်ပုံငွေ ထူထောင်မှုသဘောတူစာချုပ်အရ  ရန်ပုံငွေ စီမံအုပ်ချုပ်မှု ကော်မတီအစည်းအဝေးကျင်းပ

ပြည်တွင်း

09/03/24

နေပြည်တော်၊ မတ် ၉
ငါးလုပ်ငန်းဆိုင်ရာ သုတေသနရန်ပုံငွေ ထူထောင်မှု သဘောတူစာချုပ်အရ သုတေသနရန်ပုံငွေ စီမံအုပ်ချုပ်မှုကော်မတီ အစည်းအဝေးကို ယမန်နေ့ ညနေပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ကျင်းပသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး  လယ်ဝေးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ပြည်တွင်း

09/03/24

နေပြည်တော်၊ မတ် ၉
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ်၊ အေလာအုပ်စု၊ ရွာသစ်ကျေးရွာအနီး ရုံးပင်ချောင်း အေလာယာယီ ရေထိန်းဆည်မှ လျှပ်စစ်ရေတင်စနစ်ဖြင့် နွေနှမ်းသီးနှံ ဧက ၂၂၀ အတွက် စိုက်ပျိုးရေစတင်ပေးဝေမှုကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ရေအရင်းအမြစ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် Dr.Massimo Sarti အားလက်ခံတွေ့ဆုံ

ပြည်တွင်း

09/03/24

ရန်ကုန်၊ မတ် ၉
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် အီတလီနိုင်ငံ၊ University of March မှ ရေအရင်းအမြစ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် Dr.Massimo Sarti အား ယနေ့ ညနေ (၅) နာရီတွင် ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းရှိ သာသနာရေး ဦးစီးဌာန၊ ဝန်ကြီးရုံး (ရန်ကုန်ရုံးခွဲ) ၊ အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည်။

မြောင်းမြမြို့နယ် ပြင်ရွာတိုက်နယ်နှင့် လပွတ်ကုလား ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

ပြည်တွင်း

09/03/24

နေပြည်တော်၊ မတ် ၉

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် မြောင်းမြမြို့နယ် ပြင်ရွာတိုက်နယ်နှင့် လပွတ်ကုလားကျေးရွာအား ဆက်သွယ်ပေးမည့် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းကို ခွင့်ပြုရန်ပုံငွေကျပ် ၆၅၅ ဒသမ ၁၄၄ သန်းဖြင့် ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုနေ့အထိမ်းအမှတ် MSME အရောင်းပြခန်းများတွင် ခင်းကျင်းပြသ ရောင်းချခဲ့သည့် ထုတ်ကုန်များ၊ တန်ဖိုးမြှင့်ထုတ်ကုန်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးသည့် အခမ်းအနား ကျင်းပ

ပြည်တွင်း

09/03/24

နေပြည်တော်၊ မတ် ၉
ပြည်ထောင်စုနေ့အထိမ်းအမှတ် MSME အရောင်းပြခန်းများတွင် ခင်းကျင်းပြသရောင်းချခဲ့သည့် ထုတ်ကုန်များ၊ တန်ဖိုးမြှင့်ထုတ်ကုန်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးသည့် အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် စက်မှုဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဖတ်များဆုံး သတင်း