Latest News
နောက်ဆုံးရသတင်းများ
မိုးစပါးအပြီး ထယ်ရေးမဲ့စနစ်ဖြင့် ဆောင်းသီးနှံ သီးထပ်စိုက်ပျိုးရန် စမ်းသပ်သုတေသနပြု
27/12/23
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် သီးထပ်စွမ်းရည် တိုးတက်လာစေရေးကို အစဉ်တစိုက် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက နေပြည်တော် ဒက္ခိဏသီရိမြို့နယ် မဲဒီကျေးရွာ၌ စက်မှုလယ်ယာဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် မဲဒီကျေးရွာမှ တောင်သူများက မိုးစပါးအပြီး မြေတွင်းအစိုဓာတ် မပျောက်ဆုံးခင် ဆောင်းသီးနှံ အချိန်မီစိုက်ပျိုးရေးအတွက် ထယ်ရေးမဲ့စိုက်ပျိုးနည်းစနစ်ကို စမ်းသပ်သုတေသနပြု သရုပ်ပြစိုက်ပျိုးမှုကို လေ့လာခဲ့ကြသည်။
နေ့စဉ်မိုးလေဝသသတင်း ညနေ(၄:၀၀)နာရီအချိန် ထုတ်ပြန်ချက်
27/12/23
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မြစ်ကြီးနားမြို့နယ်၊ တာလောကြီးတိုက်နယ်နှင့် ဝိုင်းမော်မြို့နယ်၊ ရွှေညောင်ပင်အုပ်စုမှ ယာယီတိမ်းရှောင်ပြည်သူများ၊ ပညာရေးဝန်ထမ်းများအား သွားရောက်တွေ့ဆုံအားပေး၍ ဆန်ရိက္ခာ၊ ထောက်ပံ့ပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်
27/12/23
ကချင်ပြည်နယ် မြစ်ကြီးနားခရိုင်အတွင်း နယ်မြေမတည်ငြိမ်မှုများကြောင့် မြစ်ကြီးနားမြို့နယ်၊ တာလောကြီးတိုက်နယ်နှင့် ဝိုင်းမော်မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ယာယီတိမ်းရှောင်လာသော ဒေသခံပြည်သူများနှင့် ပညာရေးဝန်ထမ်းများအား ဒီဇင်ဘာ ၂၆ ရက် မွန်းလွဲ ၂ နာရီခွဲက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် သွားရောက်တွေ့ဆုံ အားပေးထောက်ပံ့ခဲ့သည်။
နေ့စဉ်မိုးလေဝသသတင်း မွန်းလွဲ(၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်
27/12/23
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။