Latest News
နောက်ဆုံးရသတင်းများ
မုတ်သုံလေ အားအနည်းငယ်မှ အားအသင့်အတင့်ရှိမည်
21/08/23
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအနည်းငယ်မှ အားအသင့်အတင့် ရှိနေပါသည်။
ဩဂုတ်လ ၂၁ ရက် မွန်းလွဲပိုင်း ရွှေဈေး
21/08/23
အကယ်ဒမီ မီးလင်းရွှေဈေး
၂,၂၂၅,၄၀၀/-
(ကျပ် နှစ်ဆယ့် နှစ်သိန်း နှစ်သောင်း ငါးထောင့် လေးရာ)
ကမ္ဘာ့ရွှေဈေး (World Gold Price)
1 Ounce = 1889 USD$
Credit> YGEA
မိုင်းပျဉ်းမြို့ အခြေခံပညာ အထက်တန်းကျောင်းခွဲ၌ လူငယ်စကားဝိုင်း ကျင်းပ
21/08/23
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက အ.ထ.ကခွဲကျောင်း၊ နီလာခန်းမ၌ လူငယ်စကားဝိုင်း ကျင်းပသည်။
မြန်အောင်မြို့ အမှတ်(၁)ရပ်ကွက်၌ စားအုန်းဆီ တစ်ပိဿာ ၄၅၀၀ ကျပ်ဖြင့် လူတစ်ဦးလျှင် ဆီငါးဆယ်ကျပ်သား ရောင်းချပေး
21/08/23
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ အမှတ်(၁)ရပ်ကွက်၌ စားအုန်းဆီ တစ်ပိဿာ ၄၅၀၀ ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် ဆီငါးဆယ်ကျပ်သားအား ယနေ့ နံနက်ပိုင်းက ရောင်းချပေးခဲ့ကြောင်း သိရသည်။
ချောင်းသာကမ်းခြေတွင် ဝေလငါးမျိုးစိတ်ဝင် ငါးကြီးတစ်ကောင် သောင်တင်လျက်တွေ့ရှိပြီး ပင်လယ်ပြင်သို့ ပြန်လွှတ်ပေးခဲ့
21/08/23
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၊ ချောင်းသာကမ်းခြေတွင် ယမန်နေ့ ညနေ ၅ နာရီက ဝေလငါးမျိုးစိတ်ဝင် ငါးကြီးတစ်ကောင် သောင်တင်လျက်တွေ့ရှိခဲ့ပြီး ပင်လယ်ပြင်သို့ ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
ရေနံချောင်းမြို့ မြေနီခင်တောင်ရပ်ကွက်၌ မီးလောင်မှုဖြစ်ပွားပြီး နေအိမ်နှစ်လုံး မီးလောင်ဆုံးရှုံး
21/08/23
မကွေးတိုင်းဒေသကြီး ချောက်ခရိုင် ရေနံချောင်းမြို့ မြေနီခင်တောင်ရပ်ကွက် လက်မှတ်ကုန်းရပ်တွင် ဩဂုတ် ၂၀ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၄၀ ခန့်က ...............
ပန်းတောင်းမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအား အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေး
21/08/23
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအား ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်ပြည်သူ့ဆေးရုံ၌ အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိကြောင်း သိရသည်။
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) အရာထမ်းငယ် သင်တန်းအမှတ်စဉ်(၁၂၇) သင်တန်းဖွင့်ပွဲ ကျင်းပ
21/08/23
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) အရာထမ်းငယ် သင်တန်းအမှတ်စဉ်(၁၂၇) သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီတွင် Online Learning System ဖြင့် ကျင်းပပြီး ပါမောက္ခချုပ် ဦးဇော်ဇော်က သင်တန်းဖွင့် အမှာစကားပြောကြားသည်။