လစ်ဗျားအနောက်ဘက် ကမ်းလွန်တွင် နှစ်ဦးရေနစ်သေဆုံး ၊ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ၇၃ ဦး ကယ်ဆယ်

၃ ဇွန်

 

လစ်ဗျားရေတပ်က လစ်ဗျားနိုင်ငံ အနောက်ဘက် ကမ်းလွနတွင် နှစ်ဦးရေနစ်သေဆုံးခဲ့ပြီး တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ၇၃ ဦးကို  ကယ်တင်နိုင်ခဲ့ကြောင်း ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

 


Garrabulli မြို့ ကမ်းလွန် ၁၄ ကီလိုမီတာ အကွာတွင် ကင်းလှည့်နေသော ကမ်းခြေစောင်းတပ်ဖွဲ့က အင်ဂျင်မပါသော ရော်ဘာလှေပျက်တစ်စီး ကို တွေ့ရှိခဲ့ကြောင်း ထိုရေတပ် ပြောရေးဆိုခွင့်ရှိသူ Ayob Qassem က ပြောကြားခဲ့သည်။

 


ကလေး ရှစ်ဦး အပါအဝင် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ၇၃ ဦးကို ကယ်ဆယ်ခဲ့ပြီး ရေနစ်သေဆုံးခဲ့သည့် အမျိုးသမီးတစ်ဦးနှင့် ကလေးတစ်ဦး အလောင်းတို့ကို ပြန်တွေ့ခဲ့သည်ဟု  ထိုသူက ဆိုသည်။

 


Garrabulli မြို့သည် ထရီပိုလီမြို့တော် အရှေ့ဘက် ၅၅ ကီလိုမီတာ အကွာတွင် တည်ရှိသည်။
အဆိုပါ လှေသည် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ၈၀ ဦးကျော် တင်ဆောင်လာခဲ့ကြောင်းနှင့် ကျန်ရှိသူများမှာ ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း ထိုကြေညာချက်တွင် ထပ်လောင်းဖော်ပြထားသည်။

 


တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများသည် လစ်ဗျားနိုင်ငံ မလုံခြုံမှုနှင့် ပရမ်းပတာ အခြေအနေကြောင့် မြေထဲပင်လယ်ကို ဖြတ်ကျော်ပြီး ဥရောပသို့ ထွက်ခွာခြင်းဖြစ်သည်။

 


ကိုးကား - ဆင်ဟွာ
ဘာသာပြန် - မြင့်မြင့်ချို