လစ်ဗျားအရေး ကြားဝင်စေ့စပ်သူအဖြစ် ကုလသမဂ္ဂက ဆောင်ရွက်ခဲ့မှု သဘောတူညီမှုမရရှိဘဲ ပြီးဆုံး

 

ထရီပိုလီ ဇွန် ၂၁

 

လစ်ဗျား၏ ကာလရှည်ကြာပဋိပက္ခတွင် ပြိုင်ဘက်အဖွဲ့နှစ်ဖွဲ့၏ နောက်ဆုံးအကြိမ် ဆွေးနွေးမှုသည် ဇွန် ၂၀ ရက်က ပြီးဆုံးခဲ့သော်လည်း အချိန်ကာလတစ်ခုအထိ နှောင့်နှေးကြန့်ကြာနေသည့် ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် ပတ်သက်ပြီး သဘောတူညီမှုမရရှိခဲ့ကြောင်း ကုလသမဂ္ဂက ပြောကြားလိုက်သည်။

 

နောက်ဆုံးအကြိမ်  ဆွေးနွေးမှုတွင် လစ်ဗျားအရေး  ကြားဝင်စေ့စပ်သူအဖြစ် ကုလသမဂ္ဂက ဆောင်ရွက်သည်။  ၂၀၁၉ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း  လစ်ဗျားနိုင်ငံ၌  နောက်ဆုံးဖြစ်ပွားသော  အကြမ်းဖက်မှု အဆုံးသတ် ပြီးနောက် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပရန် လျာထားသော သမ္မတနှင့်လွှတ်တော် ရွေးကောက်ပွဲများသည် ကုလသမဂ္ဂ ဦးဆောင်သော  ငြိမ်းချမ်းရေးဖြစ်စဉ်များဖြစ်သည်။

 

နိုင်ငံအရှေ့ပိုင်းနှင့် အနောက်ပိုင်း အင်အားကြီးနိုင်ငံရေး အားပြိုင်မှုများကြား အငြင်းပွားနေသော အမတ်လောင်းများနှင့်  ရွေးကောက်ပွဲဆိုင်ရာ တရားဝင်အချက်များနှင့် ပတ်သက်ပြီး ပြင်းထန်သည့် သဘောမတူညီမှုများကြောင့် မဲဆန္ဒခံယူပွဲများ မည်သည့်အခါမှ ဖြစ်လာမည်မဟုတ်ပေ။

 

ထရီပိုလီအခြေစိုက်  အဆင့်မြင့်နိုင်ငံရေး ကောင်စီကိုယ်စားလှယ်လောင်းများနှင့် လစ်ဗျားအရှေ့ပိုင်း လွှတ်တော်ကိုယ်စားလှယ်လောင်းများသည်  ကိုင်ရိုမြို့တွင်  သီတင်းတစ်ပတ်ကျော်ကြာအောင်  တွေ့ဆုံဆွေးနွေးခဲ့သော်လည်း မည်သည့်အောင်မြင်မှုမှ မရရှိခဲ့ပေ။

 

အေအက်ဖ်ပီ