လစ်ဗျားကမ်းခြေ၌ တရားမဝင်ရွှေ့ပြောင်းသွားလာသူ ၂၀ ကျော် ရေနစ်သေဆုံး

mdn

ထရီပိုလီ ၁၇ စက်တင်ဘာ

 

လစ်ဗျားကမ်းခြေ၌ တရားမဝင်ရွှေ့ပြောင်းသွားလာသူ ၂၀ ကျော် ရေနစ်သေဆုံးခဲ့ကြောင်း နိုင်ငံတကာရွှေ့ပြောင်း သွားလာမှုဆိုင်ရာ အဖွဲ့အစည်းက စက်တင်ဘာ ၁၅ ရက်တွင် ပြောကြားခဲ့သည်။

 

အဆိုပါ ဖြစ်ရပ်က မြေထဲပင်လယ်အတွင်း၌ ရှာဖွေရေးနှင့်ကယ်ဆယ် ရေးစွမ်းရည်ကို ထပ်မံတိုးမြှင့်ရန် လိုအပ်လာသည့်အခြေအနေကို ဖော်ပြလျက် ရှိကြောင်း နိုင်ငံတကာ ရွှေ့ပြောင်းသွားလာမှုဆိုင်ရာအဖွဲ့အစည်းက တွစ်တာ ပေါ်၌ ရေးသားဖော်ပြခဲ့သည်။

 

၂၀၁၁ ခုနှစ်က လစ်ဗျားစစ်အာဏာသိမ်းခေါင်းဆောင် ကဒါဖီ ဖြုတ်ချခံခဲ့ ရပြီးနောက်တွင် လစ်ဗျားနိုင်ငံသည် ငြိမ်ဝပ်ပိပြားမှုမရှိတော့ဘဲ ကသောင်းကနင်း အခြေအနေများပေါ်ပေါက်ခဲ့ကာ ထောင်နှင့်ချီသော တရားမဝင် ရွှေ့ပြောင်းသွားလာသူများသည် မြေထဲပင်လယ်ကို ဖြတ်ကျော်ကာ ဥရောပသို့ သွားရောက်ရန် ကြိုးပမ်းခဲ့ ကြသည်။

 

၂၀၂၀ ပြည့်နှစ်အတွင်း မြေထဲပင်လယ်လမ်းကြောင်းပေါ်တွင် တရားမဝင်ရွှေ့ပြောင်းသွားလာသူ ရာနှင့်ချီသေဆုံး ခဲ့ပြီး အချို့ပျောက်ဆုံး သွားခဲ့သည်။

 

၂၀၁၉ ခုနှစ်တွင် တရားမဝင်ရွှေ့ပြောင်းသွားလာသူ ၉၂၂၅ ဦးအား ကယ်ဆယ်နိုင်ခဲ့ပြီး လစ်ဗျားနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရ သည်။

 

ဗဟိုမြေထဲပင်လယ်လမ်းကြောင်းပေါ်တွင် ရွှေ့ပြောင်း သွားလာသူ ၂၇၀ သေဆုံးခဲ့ပြီး ၉၉၂ ဦးပျောက်ဆုံးလျက်ရှိကြောင်း နိုင်ငံတကာရွှေ့ပြောင်းသွား လာမှုဆိုင်ရာအဖွဲ့အစည်းက ပြောကြားခဲ့သည်။

 

ဆင်ဟွာ