လစ်ဗျားကမ်းလွန်တွင် တရားမဝင်ရွှေ့ပြောင်းသွားလာသူ ၃၉၀ ကိုကယ်ဆယ်နိုင်ခဲ့

၁၂ အောက်တိုဘာ

 

လစ်ဗျားကမ်းလွန်တွင် ပြီးခဲ့သည့် ၄၈ နာရီအတွင်း တရားမဝင်ရွှေ့ပြောင်းသွားလာသူ ၃၉၀ ကို ကယ်ဆယ်နိုင်ခဲ့သည်ဟု အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာမှုဆိုင်ရာအဖွဲ့အစည်း (IOM) က ယမန်နေ့က ပြောကြားခဲ့သည်။

 

အမျိုးသမီးများနှင့်ကလေးများ အပါအဝင် တရားမဝင်ရွှေ့ပြောင်းလာသူ ၃၉၀ ကို ဖမ်းဆီးခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာမှုဆိုင်ရာအဖွဲ့အစည်း (IOM) က တွစ်တာတွင် ရေးသားထားသည်။

 

ပြီးခဲ့သည့် ရက်အနည်းငယ်က ကလေးများနှင့် အမျိုးသမီးများအပါအဝင် တရားမဝင်ရွှေ့ပြောင်းသွားလာသူ ၉၄၄၈ ဦး ကို ကယ်ဆယ်ခဲ့ကြောင်း IOM က ပြောကြားသည်။

 

ယခုနှစ် မြေထဲပင်လယ်အလယ်ပိုင်းတွင် ရွှေ့ပြောင်းသွားလာသူ ၁၉၆ ဦး သေဆုံးပြီး အခြား ၂၇၅ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ထိုအဖွဲ့အစည်းက ပြောကြားသည်။

 

လစ်ဗျားနိုင်ငံသည် တရားမဝင်ရွှေ့ပြောင်းသွားလာသူများအတွက် ဉရောပနိုင်ငံသို့သွားရောက်ရန် မြေထဲပင်လည်ကို ဖြတ်ကျော်မည့် ထွက်ခွာရာနေရာတစ်ခု ဖြစ်လာသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို