လစ်ဗျားတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၆၁၇ ဦး ထပ်မံတွေ့ရှိ

၄ စက်တင်ဘာ

 

 

လစ်ဗျားနိုင်ငံတွင် ကိုဗစ်-၁၉ ထပ်မံ ကူးစက်ခံရသူ ၆၁၇ ဦး ရှိကြောင်းနှင့် ကူးစက်ခံရပြီးနောက် ကျန်းမာရေး ပြန်လည် ကောင်းမွန်လာသူ ဦးရေ ၁၁၀ ရှိပြီး ထိုကူးစက်ခံရမှုကြောင့် သေဆုံးသူ လေးဦး ရှိကြောင်း အမျိုးသားရောဂါ ကူးစက်မှု ထိန်းချုပ်ရေးစင်တာက ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

 

 

နိုင်ငံတစ်ဝန်းတွင် ကူးစက်ခံရသူပေါင်း ၁၅၇၇၃ ဦး ရှိကြောင်းနှင့် ကုသမှုခံယူပြီးနောက် ရောဂါပိုးကင်းစင်လာသူ ၁၈၅၆ ဦး ရှိပြီး သေဆုံးသူ ၂၅၄ ဦး ရှိကြောင်း ထိုစင်တာက ပြောကြားသည်။

 

 

လစ်ဗျား အာဏာပိုင်များက နိုင်ငံနယ်စပ်ဒေသများ ပိတ်ခြင်း၊ စာသင်ကျောင်းများနှင့် ဗလီကျောင်းများ ပိတ်ခြင်း၊ လူစုလူဝေးများ မပြုလုပ်ရန် တားမြစ်ခြင်းနှင့် ညမထွက်ရအမိန့် ချမှတ်ခြင်းတို့ အပါအဝင် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးဆိုင်ရာ အစီအမံများ ပြုလုပ်ထားကြောင်း ရောဂါကူးစက်မှု ဖြစ်ပွားချိန် မတ်လကတည်းက ထုတ်ပြန်ကြေညာခဲ့သည်။

 

 

တရုတ်နိုင်ငံက ကူးစက်ရောဂါ တိုက်ဖျက်ရေးအတွက် ဆေးပညာဆိုင်ရာ အကူအညီများကို လစ်ဗျားနိုင်ငံသို့ ပေးအပ်လှူဒါန်းခဲ့သည်။

 

 

ဇွန်လအစောပိုင်းက ရောဂါရှာဖွေရေးပစ္စည်း ၈၃၄ ခု၊ ဆေးဘက်ဆိုင်ရာ အကာအကွယ်ဝတ်စုံ ၅၀၀၀၊ N95 နှာခေါင်းစည်း ၁၅၀၀၀၊ ခွဲစိတ်ခန်းသုံးနှာခေါင်းစည်း ၁၀၀၀၀၀ နှင့် ဆေးဘက်ဆိုင်ရာ လက်အိတ် အစုံရေ ၅၀၀၀ စသဖြင့် ဆေးဘက်ဆိုင်ရာ အကူအညီတို့ကို တရုတ်နိုင်ငံက လစ်ဗျားနိုင်ငံသို့ ပေးအပ်လှူဒါန်းခဲ့သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို