လစ်သူရေးနီးယားနိုင်ငံတွင် စက်ရုပ်များပြပွဲ ဖွင့်လှစ်ကျင်းပ

၁၀ ဖေဖော်ဝါရီ

 


အနာဂတ်နည်းပညာများနှင့် နောက်ဆုံးပေါ် စက်ရုပ်များ၏ စက်ရုပ်များမြို့တော် ပြပွဲအခမ်းအနားကို  ယမန်နေ့က ဗေလ်နီးယပ်တွင် ဖွင့်လှစ်ကျင်းပခဲ့သည်။

 


အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယား၊ ဗြိတိန်နှင့် တရုတ်နိုင်ငံတို့မှ နောက်ဆုံးပေါ် စက်ရုပ် ၇၂ ရုပ် ပြပွဲတွင် စက်ရုပ်များ၏ ဖျော်ဖြေမှု၊ စက်ရုပ်အကများ၊ တေးဂီတ ပျော်ပွဲများနှင့် စမ်းသပ်လေ့လာမှုများ ပြုလုပ်ခဲ့သည်။

 


ထိုပြပွဲတွင် တရုတ်ကွန်ပျူတာပရိုဂရမ်သမားများက ထုတ်လုပ်ထားသော စက်ရုပ်များလည်းရှိကြောင်း၊ ဒိုဘော့ အမည်ရှိ  စက်ရုပ်သည် 3 D အရာဝထ္ထုများကို ရေးဆွဲနိုင်ပြီး လေဆာထိုးဖောက်သည့် သရုပ်ပြချက်များ၊ ကားချပ်များပြသခြင်း၊ အခြားမျက်နှာပြင်များနှင့် စာရွက်ပေါ်တွင်ရေးဆွဲခြင်းတို့ ပြသခဲ့ကြောင်း သိရသည်။

 


စက်ရုပ်မြို့တော်ရှိ စက်ရုပ်များသည် လူသားစိတ်ခံစားမှုများကို ပုံတူကူးယူခြင်း၊ လူသားများကဲ့သို့ အမူအရာများနှင့် စကားပြောဆိုနိုင်ကြောင်း၊ ၎င်းစက်ရုပ်များကို လူသားများက လက်ဝှေ့ယမ်းပြခြင်း၊ ခေါင်းစောင်းပြခြင်းနှင့် ပြုံးပြခြင်းတို့ဖြင့် ထိန်းချုပ်နိုင်ကြောင်း ဖော်ပြထားသည်။

 


အဆိုပါ စက်ရုပ်ပြပွဲကို မတ်လ ၁၇ အထိ ကျင်းပမည်ဖြစ်ပြီး ထို့နောက် ဥရောပမြို့တော်သို့ ပြောင်းရွှေ့မည်ဖြစ်ကြောင်း သိရသည်။

 


ကိုးကား ဆင်ဟွာ
ဘာသာပြန် မြင့်မြင့်ချို