လောက်ကိုင်မြို့နယ်ရဲတပ်ဖွဲ့ တပ်ဖွဲ့ဝင်များ ခုတင်(၁၀၀)တပ်မတော်ဆေးရုံ၌ စုပေါင်းသွေးလှူဒါန်း

နေပြည်တော်၊ စက်တင်ဘာ ၂၃

 

(၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲကွပ်ကဲမှုအဖွဲ့၊ လောက်ကိုင်မြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူး သန်းကိုဦး ဦးစီး၍ တပ်ဖွဲ့ဝင်ပေါင်း(၃၂)ဦးသည် ယနေ့ နံနက် ၉ နာရီတွင် အမှတ်(၁၄)၊ ကုတင်(၁၀၀)၊ တပ်မတော်စစ်ဆေးရုံ၊ လောက်ကိုင်မြို့၌ စုပေါင်းသွေးလှူဒါန်းကြသည်။ 

 

အဆိုပါ သွေးလှူဒါန်းသည့် ရဲတပ်ဖွဲ့ဝင်များကို ဆေးတပ်ရင်းမှူး ဗိုလ်မှူး ကျော်လင်းဦး (ခွဲ/စိတ်ပါရဂူ)မှ အားဖြည့်ဓာတ်စာများ ပြန်လည် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်

(သတင်းစဉ်)