လောင်းမာ့ချ်-၆ သယ်ဆောင်ရေးဒုံးပျံဖြင့် ဂြိုဟ်တုသုံးစင်းကို အာကာသထဲသို့ တရုတ်လွှတ်တင်

တိုင်ယွမ်  စက်တင်ဘာ  ၂၈       

တရုတ်နိုင်ငံသည်   စက်တင်ဘာ ၂၇ ရက်တွင် လောင်းမာ့ချ်-၆ သယ်ဆောင်ရေးဒုံးပျံဖြင့် ဂြိုဟ်တုသုံးစင်း ကို အာကာသထဲသို့ လွှတ်တင်လိုက်ကြောင်း ဆင်ဟွာသတင်းတစ်ရပ် တွင် ဖော်ပြထားသည်။

ရှီယန်-၁၆ အေ၊  ရှီယန်-၁၆ ဘီနှင့် ရှီယန်-၁၇ စသည့် ဂြိုဟ်တု သုံးစင်းကို   နိုင်ငံမြောက်ပိုင်း   ရှန်းရှီးပြည်နယ်ရှိ  တိုင်ယွမ်ဂြိုဟ်တု လွှတ်တင်ရေးစင်တာမှ  ပေကျင်းဒေသစံတော်ချိန် နံနက် ၇ နာရီ မိနစ် ၅၀ တွင် လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး စီစဉ်သတ်မှတ်ထားသည့် ဂြိုဟ်တု ပတ်လမ်းထဲသို့ အောင်မြင်စွာဝင်ရောက်နိုင်ခဲ့ကြောင်း သိရသည်။ 

အဆိုပါ   ဂြိုဟ်တုသုံးစင်းကို  မြေယာစစ်တမ်း၊   မြို့ပြစီမံကိန်း၊ ဘေးအန္တရာယ် ကာကွယ်ရေးနှင့် လျော့ပါးရေးဆိုင်ရာ နယ်ပယ်ကဏ္ဍ များ၌ အချက်အလက်များပံ့ပိုးပေးရာတွင် အဓိကထား အသုံးပြုသွား မည်ဖြစ်သည်။   ဂြိုဟ်တုလွှတ်တင်ရေးစင်တာ၏  အဆိုအရ အဆိုပါ ဂြိုဟ်တုလွှတ်တင်မှုသည် လောင်းမာ့ချ်သယ်ဆောင်ရေး ဒုံးပျံများ၏   အကြိမ် (၄၄၀) မြောက်ဖြစ်ကြောင်း သိရသည်။                          

ဆင်ဟွာ