LED လမ်းမီးများ တပ်ဆင်တပ်ဆင်ပေးမူကြောင့် ပြည်သူများပျော်ရွှင်

ရန်ကုန်တောင်ပိုင်းခရိုင် ခရမ်းမြို့နယ် မြို့ပေါ်ရပ်ကွက်များအတွင်း လုံခြုံရေးနှင့် တရားဥပဒေစိုးမိုး၍ ညအချိန် ခရီးသွားပြည်သူများ အလင်းရောင်ရရှိစေရေးနှင့် သွားလာမူ အဆင်ပြေစေရေးအတွက် အသွားအလာများသော လမ်းမီးအလင်းရောင် အားနည်းသည့် ရပ်ကွက်လမ်းများတွင် မြို့နယ်လျှပ်စစ်ဌာနမှ မီးလင်းအားများသည့် LED 150 W လမ်းမီးများ အဆင့်မြှင့်တင်တပ်ဆင်ခြင်းကို ဒီဇင်ဘာဒုတိယပတ်က တပ်ဆင်ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ မီးတပ်ဆင်ပေးခြင်းကို ခရမ်းမြို့ပေါ်ရပ်ကွက်များဖြစ်သည့် အမှတ်(၂) ရပ်ကွက် ကျောင်းကြီးလမ်းတွင် LED 150W လမ်းမီးလုံး ၂၀၊ အမှတ်(၉)ရပ်ကွက် ရန်မျိူးအောင် လမ်းတွင် ၁၆ လုံး၊ အမှတ်(၅)ရပ် ကွက်ဝါးဘိုးတန်းလမ်းနှင့် သုခလမ်းတွင် ၁၅ လုံးနှင့် အမှတ်(၃)ရပ်ကွက်ဖိုးရာဇာလမ်းတွင် ရှစ်လုံးစုစုပေါင်း ၅၉ လုံးတို့အား ရန်ကုန် မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း လမ်းမီးဌာနနှင့် မြို့နယ်လျှပ်စစ် အင်ဂျင်နီယာရုံးမှ ဝန်ထမ်းများက တပ်ဆင်ပေးခဲ့ကြသည်။

 

လမ်းမီးများအား အလင်းအားများသည့် LED 150W လမ်းမီးများ တပ်ဆင်ပေးမှုကြောင့် ရပ်ကွက်များတွင် လမ်းမီးအလင်းရောင်များ ထိန်လင်း၍ ယာဉ်အသွားအလာနှင့် ဘေးအန္တရာယ်များကင်းရှင်းကာ လုံခြုံမူ ပိုမိုရရှိနိုင်ပြီး သွားလာမှုများ အဆင်ပြေချောမွေ့လျက်ရှိသောကြောင့် ရပ်ကွက်နေပြည်သူအများစုမှာ ဝမ်းသာပျော်ရွှင်နေကြောင်း သိရသည်။

 

ကိုမင်း (ခရမ်း)