မေ ၂၀
ပဲရစ်လေဆိပ်တွင် ယမန်နေ့က လေကြောင်းထိန်းချုပ်မှုစနစ် ပျက်ယွင်းပြီးနောက် ပဲရစ်-အော်လီလေဆိပ်တွင် နေ့စဉ်လေကြောင်းပျံသန်းမှုများ၏ ၁၅ ရာခိုင်နှုန်းဖျက်သိမ်းခဲ့ရသည်။
အဆိုပါလေကြောင်းပျံသန်းမှုများဖျက်သိမ်းမှုကို လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနဒီဂျီအေစီက မေတ္တာရပ်ခံခဲ့သည်ဟု သိရသည်။
ရေဒါချို့ယွင်းမှုကြောင့် မေ ၁၈ ရက်က ထိုလေဆိပ်ရှိ လေကြောင်းပျံသန်းမှု ၁၃၀ နီးပါး သို့မဟုတ် ၄၀ ရာခိုင်နှုန်း ဖျက်သိမ်းခဲ့ရာ လေကြောင်းခရီးသည်ထောင်ပေါင်းများစွာ ခရီးစဉ်ပျက်ခဲ့ရကြောင်း ပြင်သစ်သတင်းစာ လီဖစ်ဂါရိုတွင် ဖော်ပြထားသည်။
ပြုပြင်မှုများလုပ်ဆောင်နေစဉ် အခြေအနေတိုးတက်မှုရှိလာသော်လည်း လေကြောင်းပျံသန်းမှုထိန်းချုပ်ရန် လိုအပ်မှုများ ရှိနေဆဲဖြစ်ကြောင်း ဒီဂျီအေစီက ပြောကြားသည်။
ပဲရစ်-အော်လီလေဆိပ်သည် ပြင်သစ်နိုင်ငံ မြို့တော်၏တောင်ဘက် ကီလိုမီတာ ၁၀ အကွာတွင်တည်ရှိသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို