လေးကျွန်းစကြာ ထိုင်တော်မူ ရုပ်ပွားတော်မြတ်ကြီးတွင် ရုပ်ပွားတော်အဆူ ၅၀ဝ၀ ခန့် ထားရှိပူဇော်မည်

မုံရွာ   ၃၁   မေ    


စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ခတ္တကန်(တောင်ရွာ) အနီး၊ဗန္ဒဝ တောင်ကုန်းပေါ်တွင်  တည်ထားကိုးကွယ်မည့် မဟာဗောဓိတစ်ထောင် လေးကျွန်းစကြာ ထိုင်တော်မူရုပ်ပွားတော်မြတ်ကြီး အတွင်းတွင် ရုပ်ပွားတော်အဆူ ၅၀ဝ၀ ခန့် ထားရှိပူဇော်သွားမည်ဖြစ်ကြောင်း  ဗောဓိတစ်ထောင် ကျောင်းတိုက်မှ သိရသည်။

 

1

 


မဟာဗောဓိတစ်ထောင် လေးကျွန်းစကြာ ထိုင်တော်မူရုပ်ပွားတော် မြတ်ကြီးအား ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့က ပန္နက်တင် မင်္ဂလာ အခမ်းအနား ကျင်းပခဲ့ပြီး တည်ထားခဲ့ရာ ယခုလက်ရှိ အချိန်တွင် ၇၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း  လေးကျွန်းစကြာ ထိုင်တော်မူ ရုပ်ပွားတော်မြတ်ကြီးအတွင်း ထားရှိပူဇော်ရန် လက်ရှိတွင် ရုပ်ပွားတော်အဆူ ၁၅၀ဝ ခန့်ကို အလှူခံရရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။


"လောလောဆယ် အလှူခံရရှိပြီးသားက ရုပ်ပွားတော် အဆူရေ ၁၅၀ဝ လောက်ရှိပြီ စုစုပေါင်း ဘုရားအဆူ ၅၀ဝ၀ လောက်ကို ထားရှိပူဇော်မယ်၊ တစ်ဆူကို ငွေကျပ်တစ်သိန်းနှုန်းနဲ့ လှူဒါန်းနိုင်ပါတယ်။ လှူဒါန်းသူတွေရဲ့ အမည်ကမ္ဗည်းလေးတွေနဲ့ ရုပ်ပွားတော်တွေကို ထားရှိပူဇော်မယ်'' ဟု ဆရာတော်က မြွက်ကြားသည်။


မဟာဗောဓိတထောင် လေးကျွန်းစကြာ ထိုင်တော်မူ ဘုရားကြီးမှာ ဉာဏ်တော် အမြင့် ၂၃၄ ပေ၊ ဒူးခွင်တော် အကျယ် တောင် မြောက် ၁၆၅ ပေ၊ တင်ပါးတော်နှင့် ရှေ့ဒူးခွင် ၁၁၁ ပေ၊ တင်ပါးတော် အကျယ် ၆၀ ပေ၊ အထပ်ပေါင်း ၁၈ ထပ် ပါဝင်မည်ဖြစ်ကြောင်း လက်ရှိတွင် ငွေကျပ်သိန်းနှစ်သောင်းကျော် အကုန်ကျခံ၍ ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း ဗောဓိတထောင်ကျောင်းတိုက်မှ သံဃာ့ဝန်ဆောင်ဆရာတော် ဘဒ္ဒန္တ ကုဏ္ဍလက မိန့်ကြားသည်။


ကိုမင်း(အင်းတော်)