လေးမျက်နှာမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများအား အားကစားနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပြီး အားကစားပစ္စည်းများပေးအပ်

လေးမျက်နှာ  ၂၈  သြဂုတ်  


ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျောင်းသား/ ကျောင်းသူများ အားကစားဆိုင်ရာ အသိပညာများတိုးပွားစေရန်နှင့် ကျန်းမာရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ ၁ နာရီက သခွပ်ချောင်းအုပ်စု ခတ္တူကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)သို့ သွားရောက်၍ အသိပညာပေးဟောပြောခြင်းနှင့် အားကစားပစ္စည်းများ ပေးအပ်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ဟောပြောပွဲတွင် အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်မို့မို့ခိုင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးမှူး ဦးတေဇာမျိုးက ကျောင်းသား/ ကျောင်းသူလေးများ လိုက်နာကျင့်သုံးရမည့် အားကစားဆိုင်ရာ အလေ့အကျင့်ကောင်းများနှင့် အားကစားနှင့်ပတ်သက်သည့် လေ့ကျင့်ခန်းများကို နေ့စဉ်ပြုလုပ်ပေးခြင်းဖြင့် ကျန်းမာသန်စွမ်းခြင်း ဉာဏ်ရည်ထက်မြက်ခြင်း စသည့် အကျိုးကျေးဇူးများရရှိစေမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ 


ထို့နောက် မြို့နယ်အား/ကာမှူး ဦးတေဇာမျိုးက ကျောင်းသား/ ကျောင်းသူလေးများအတွက် အားကစားပစ္စည်းများပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့ကြောင်း သိရသည်။


ရွှေမိုး(ပြန်/ဆက်)

 

1