လေးမျက်နှာမြို့နယ်တွင် မိုးစပါးစိုက်ပျိူးပြီးစီးခြင်း ထွန်တုံးပိတ်ပွဲကျင်းပ

လေးမျက်နှာ      ဇူလိုင်     ၂၀

 

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ပန်းတောကြီးကျေးရွာအုပ်စု ကျောက်စရစ်ကုန်းကျေးရွာတွင် ဇူလိုင် ၂၀ ရက် နံနက်ပိုင်း၌ ၂၀၂၂ ခုနှစ် မိုးစပါး RS to CS မျိုးစေ့ထုတ် စိုက်ပျိုးခြင်းနှင့် မိုးစပါး(ရေတော်မိုးတော်)စိုက်ပျိုးပြီစီးခြင်း ထွန်တုံးပိတ်ပွဲကို ကွင်းအမှတ် (၉၄၆) ဦးပိုင်အမှတ် (၅၃/) တောင်သူဦးကြည်ဝင်း၏ လယ်ယာမြေတွင်  ပြုလုပ်ခဲ့သည်။ လေးမျက်နှာမြို့နယ် အနေဖြင့် မိုးစပါး ၅၂၆၄၂ ဧက စိုက်ပျိူးရန်လျာထားခဲ့ရာ ယခုအချိန်ထိ မိုးစပါး စိုက်ပျိုးပြီးစီးမှု ၅၀၈၆၇ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)