လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲဝင်ရန် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ထွက်ခွာ

ရန်ကုန်  ၇ ဖေဖော်ဝါရီ 

 

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် Hero Gold Cup လေးနိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲဝင်ရန် အိန္ဒိယနိုင်ငံသို့ ဖေဖော်ဝါရီလ ၇ ရက်၊ နေ့လယ်ပိုင်းက ထွက်ခွာသွားရာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စီအီးအို ဦးဘုန်းနိုင်ဇော်နှင့် တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ လိုက်ပါပို့ဆောင်ခဲ့သည်။

 

Hero Gold Cup လေးနိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲကို အိန္ဒိယနိုင်ငံမှ အိမ်ရှင်အဖြစ် ဖေဖော်ဝါရီလ ၉ ရက်နေ့မှ ၁၅ ရက်နေ့အထိ လက်ခံကျင်းပမည် ဖြစ်သည်။

 

514922

 


မြန်မာ့ လက်ရွေးစင် အမျိုးသမီး အသင်းကို အသင်းအုပ်ချုပ်သူအဖြစ် ဦးတင်မြင့်အောင်၊ နည်းပြချုပ်အဖြစ် ဦးဝင်းသူမိုးတို့က တာဝန်ယူကြမည်ဖြစ်ပြီး အုပ်ချုပ်၊နည်းပြအဖွဲ့ဝင် (၈)ဦး၊ ကစားသမား (၂၀)ဦး လိုက်ပါသွားသည်။

 

အဆိုပါပြိုင်ပွဲကို အိမ်ရှင်အိန္ဒိယ အပါအဝင် မြန်မာ၊ အီရန်၊ နီပေါအသင်းတို့ ပါဝင်ယှဉ်ပြိုင်မည် ဖြစ်ပြီး အုပ်စုပတ်လည်ပွဲစဉ်များ အပြီးတွင် အုပ်စု ပထမ အသင်းနှင့် ဒုတိယ အသင်းတို့ ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

 

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် အဖွင့်ပွဲစဉ်တွင် နီပေါအသင်း၊ ဒုတိယပွဲစဉ်အဖြစ် အီရန်အသင်း၊ တတိယပွဲစဉ်အဖြစ် အိမ်ရှင် အိန္ဒိယအသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း မြန်မာဘောလုံးအဖွဲ့ချုပ်(MFF)မှ ထုတ်ပြန်ချက်အရ သိရသည်။

 

MDN

 

age 51515935_