မြင်းခြံ ၁ ဇွန်
မန္တလေးတိုင်းဒေသကြီး ၊ မြင်းခြံမြို့နယ် လေးရွာဆုံကျေးရွာမှ ပြည်သူအချို့သည် မိမိတို့ ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်နေသူများအား နည်းပေါင်းစုံဖြင့် နှောင့်ယှက်နေသူများကို အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်ခြင်းကို ဇွန် ၁ ရက် နံနက် ၉ နာရီ အချိန်က မြင်းခြံမြို့ မဏိကဉ္စနာ ခန်းမရှေ့ရှိ ဗိုလ်ချုပ်ကြေးရုပ်ရင်ပြင်တွင်ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ လေးရွာဆုံကျေးရွာမှ ဦးတင်လုံးခေါင်းဆောင်ပြည်သူများ ဆန္ဒဖော်ထုတ်ခြင်းကို သက်ဆိုင်ရာတွင် ခွင့်ပြုချက်တောင်းခံရယူ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လေးရွာဆုံကျေးရွာမှ ပြည်သူ ၉၀ ဦး ခန့် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။
ဇော်မင်းနိုင်(မြင်းခြံ)


