လေထုညစ်ညမ်းမှုနဲ့ဆက်စပ်ပြီး သေဆုံးသူစာရင်းမှာ အိန္ဒိယနိုင်ငံက အများဆုံးဖြစ်နေ

၂၀ ဒီဇင်ဘာ

ကမ္ဘာပေါ်မှာ လေထုညစ်ညမ်းမှုနဲ့ဆက်နွယ်ပြီး သေဆုံးစာရင်းတွင် အိန္ဒိယနိုင်ငံမှ အများဆုံးဖြစ်နေပြီး တရုတ်နိုင်ငံနဲ့ နိုက်ဂျီးရီးယားနိုင်ငံတွေ အိန္ဒိယနိုင်ငံနောက်တွင်ရှိနေကြောင်း ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ သုတေသနစာတမ်းမှာ ဖော်ပြထားပါတယ်။ 

 

ေ

 

အိန္ဒိယနိုင်ငံမှာ လေထုညစ်ညမ်းမှုကြောင့်သေဆုံးသူ ၂ ဒသမ ၃ သန်း ရှိနေစဉ် တရုတ်နိုင်ငံမှာ ၁ ဒသမ ၈ သန်း ရှိကြောင်း အဲဒီနောက် နိုင်ဂျီးရီးယား၊ အင်ဒိုနီးရှားနဲ့ ပါကစ္စတန်နိုင်ငံတွေက အသီးသီး အစဉ်လိုက်ရှိနေပါတယ်။ အမေရိကန်ပြည်ထောင်စုက နံပတ် ၇ နေရာမှာရှိပြီး လေထုညစ်ညမ်းမှုကြောင့် လူပေါင်း ၂၀ဝ,ဝ၀ဝ နီးပါး သေဆုံးကြောင်း သိရပါတယ်။ 

 

ေ

 

လေထုညစ်ညမ်းမှုနဲ့ဆက်နွယ်တဲ့သေဆုံးမှုတွေဆိုရာမှာ သောက်သုံးရေသန့်ရှင်းမှုမရှိခြင်းနဲ့ အိမ်တွင်းလေထု ညစ်ညမ်းမှုတွေဟာ လူသေစေနိုင်တဲ့ အဓိကအရာတွေဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာ စက်မှုလက်မှုလုပ်ငန်း တိုးတက်လာသလို မော်တော်ကားတွေက ထွက်လာတဲ့ မီးခိုးငွေတွေ ပိုများစဉ်မှာ ဝင်ငွေနည်းတဲ့ ဒေသတွေမှာ တကိုယ်ရည်သန့်ရှင်းမှုနည်းပါးခြင်းနဲ့  အိမ်တွင်းညစ်ညမ်းလေတွေကြာင့် ဖြစ်တယ်လို့ သုတေသနစာတမ်းမှာ ရေးသားထားပါတယ်။ 

 

ေ

 

MDN
ကိုးကား - AFP