လေယာဉ်မှူးတွေရဲ့ ပထမဦးဆုံး ကမ္ဘာအနှံ့ သပိတ်မှောက်ခြင်းနဲ့ ရင်ဆိုင်နေရတဲ့ ဗြိတိသျှ လေကြောင်းလိုင်း

၉ စက်တင်ဘာ


ဗြိတိသျှလေကြောင်းလိုင်း (BA) ဟာ လေယာဉ်မှူးတွေရဲ့ ပထမဦးဆုံး ကမ္ဘာအနှံ့  နှစ်ရက်တာ သပိတ်မှောက်တာနဲ့ ဒီကနေ့ (တနင်္လာနေ့) ကစပြီး ရင်ဆိုင်နေရပါတယ်။ လစာကိစ္စနဲ့ ပတ်သက်ပြီးလေယာဉ်မှူး ၄၃၀ဝဦး နဲ့ ကိုးလတာ အငြင်းပွားတဲ့အတွက်  ဗြိတိသျှအလံပါတဲ့ လေယာဉ်တွေအားလုံးနီးပါးဟာ မြေပြင်မှာ ရပ်ထားမယ့်ပုံစံမှာရှိနေတဲ့အတွက် ခရီးသည် ၃၀ဝ, ဝ၀ဝ ခန့်ရဲ့ ခရီးစဉ်တွေမှာ အနှောက်အယှက်ဖြစ်သွားနိုင်ကြောင်း ခန့်မှန်းရပါတယ်။ 


ဗြိတိန်ဝန်ကြီးချူပ် ဘောရစ်ဂျွန်ဆင်က လေကြောင်းကုမ္ပဏီ နဲ့ လေယာဉ်မှူးတွေကို စားပွဲဝိုင်းမှာ တွေ့ဆုံဆွေးနွေးဖို့ ပြီးခဲ့တဲ့ သောကြာနေ့က တိုက်တွန်းခဲ့ပါသေးတယ်။ ဒါပေမယ့် လေကြောင်းကုမ္ပဏီဘက်က သပိတ်မှောက်ခဲ့မယ်ဆိုရင် လေယာဉ်မှူးတွေနဲ့ မိသားစုတွေရဲ့ အခကြေးငွေမပေးရဘဲ ခရီးသွားခွင့်ကို ဖျက်သိမ်းမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ 


လေကြောင်းလိုင်းက အနာဂတ်မှာ သူ့ရဲခရီးသည်းတွေကို အခုလိုမျိုး အနှောက်အယှက်မရှိအောင် လုပ်ဆောင်နိုင်တာတွေကို လုပ်ဆောင်သွားမယ်လို့ the Financial Times ကို သောကြာနေ့က လေကြာင်းလိုင်းရဲ့ ပြောခွင့်ရသူက ပြောပါတယ်။ 


လေကြောင်းလိုင်းက လေယာဉ်မှူးတစ်ဦးကို နိုင်ငံတကာအဆင့်မီလစာ (တစ်နှစ် - စတာလင်ပေါင် ၂၀ဝ,ဝ၀ဝ) နဲ့ ခံစားခွင့် ပေးထားကြောင်းပါတယ်။ 


ဗြိတိသျှလေကြောင်းလိုင်း၏ လေယာဉ်မှူးအစည်းအရုံး (BALPA) က တွဲဘက်လေယာဉ်မှူးတွေရဲ့ လစာကို (တစ်နှစ် ပေါင် ၇၀,ဝ၀ဝ) ကနေ ( ပေါင်၂၆,ဝ၀ဝ) အထိ လျှော့ချတဲ့အတွက် လေယာဉ်မောင်း သင်တန်းကြေးက ပေါင် ၁၀ဝ,ဝ၀ဝ နီးရှိရာ အကြွေးတွေနဲ့ နစ်နေကြကြောင်း BALPA က ထောက်ပြပါတယ်။ 


ဒီကနေ့ (တနင်္လာနေ့) မှာ လေယာဉ်အစင်းပေါင်း ၈၅၀ ရဲ့ ခရီးစဉ်ကို ဖျက်သိမ်းဖို့ BA ပြင်ဆင်ထားပါတယ်။ the Financial Times ကတော့ ၄၈ နာရီအတွင်းမှာ လေယာဉ် အစင်းပေါင်း ၁၇၀ဝ ဟာ ပုံမှန်ပျံသန်းတယ်လို့ ပြောပါတယ်။ 


အခုလိုသပိတ်မှောက်တဲ့အတွက် ကုမ္ပဏီအနေနဲ့ တစ်ရက်ကို စတာလင်ပေါင် ၄၀ သန်းနစ်နာတယ်။ လေယာဉ်မှူးတွေရဲ့ လစာကို ညှိနှိုင်းမယ်ဆိုရင် ပေါင် ၅ သန်းသာရှိတယ်။ ဘာကြောင့် ကုမ္ပဏီက သူတို့နဲ့ လက်တွဲအလုပ်တွဲမလုပ်တာလဲလို့ ဗြိတိသျှလေကြောင်းလိုင်း၏လေယာဉ်မှူးအစည်းအရုံး (BALPA) က မနေ့က တွစ်တာမှာ ရေးသားပါတယ်။ 


MDN


ကိုးကား- AFP