လဟယ်မြို့နယ်ရှိ တက္ကသိုလ်တန်းစာမေးပွဲ(၂၄၂)ဦး ဝင်ရောက်ဖြေဆိုရာ (၆၃)ဦး အောင်မြင်မှုရရှိ

လဟယ်    ‌ဇွန်    ၁၇

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်၏ ၂၀၂၁ -၂၀၂၂ ပညာသင်နှစ်တွင် ကျောင်း တွင်းဖြေ၊ အလွတ်ဖြေ တက္ကသိုလ်ဝင်တန်းတွင် ကျောင်းသား ၊ ကျောင်းသူ (၂၄၂)ဦး ဝင်ရောက် ဖြေဆိုရာတွင် (၆၃)ဉီး အောင်မြင်ပြီး ရာခိုင်နှုန်းအားဖြင့် (၂၆ ဒသမ ၀၃၃၁) ရာခိုင်နှုန်းအောင်မြင်မှု ရရှိကြောင်း သိရသည်။

အဆိုပါ စာစစ်ဌာနများမှာ လဟယ်၊ ထန်ပါခွေ၊ ယမ်းကြုံး စာစစ်ဌာန(၃)ခုရှိရာ လဟယ်မြို့ အထက်တန်းကျောင်းမှ ကျား(၇၄) ဦး၊ မ(၈၀)ဦး၊ ထန်ပါခွေ အ-ထ-က ကျောင်းမှ(၅)ဦး၊ ယမ်းကြုံး အ-ထ-က(ခွဲ)မှ(၄)ဦး စုစုပေါင်းအတွင်း ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူ(၁၆၃)ဦးနှင့် ပြင်ပမှ၀င် ရောက်ဖြေဆိုမည့် ကျောင်းသားကျောင်းသူ ကျား(၅၃)ဦး၊ မ(၆၈)ဦး စုစုပေါင်း(၁၂၁)ဦး ဖြစ်သည်။

 မြို့နယ်တစ်ခုလုံးအနေဖြင့် ၀င်ရောက်ဖြေဆိုသူ ၂၄၂ ဦး အနက် ၆၃ ဦး အောင်မြင်ပြီး၊ ယမ်းကြုံးစာစစ်ဌာနမှ အောင်မြင်မှုမရှိကြောင်း မြို့နယ်ပညာရေး ရုံးမှ သိရပါသည်။

ယွန်း(မုံရွာ၊ကိုယ်ပွား)