လီဗာပူးဂိုးသမားအဲလစ်ဆင် ခြေသလုံးဒဏ်ရာကြောင့်ချယ်လ်ဆီးနှင့်ကစားမည့် ဥရောပစူပါဖလားပွဲစဉ် လွဲချော်မည်

mdn

၁၁ သြဂုတ်

 

လီဗာပူးအသင်းဂိုးသမား အဲလစ်ဆင်ဟာ ပရီမီယာလိဂ်ရာ သီအဖွင့်အဖြစ် ကစားခဲ့တဲ့ လီဗာပူးအသင်းနဲ့ နော့ဝှစ်ချ်အသင်းတို့ရဲ့ ပွဲစဉ်မှာ ခြေသလုံးဒဏ်ရာရရှိခဲ့တာကြောင့် လာမယ့်တစ်ပတ်အတွင်း ယှဉ်ပြိုင် ကစားမယ့် လီဗာပူးအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ ဥရောပ စူပါဖလားပွဲစဉ်ကို လွဲချော်ရတော့မှာဖြစ်တယ် လို့ လီဗာပူးအသင်း နည်းပြ ကလော့က ပြောကြားခဲ့ပါတယ်။

 

လီဗာပူးအသင်းဟာ ရာသီအဖွင့်ဖြစ်တဲ့ နော့ဝှစ်ချ်အသင်းနဲ့ပွဲစဉ်မှာ လေးဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ဥရောပစူပါဖလား ပွဲစဉ်ကိုတော့ ဩဂုတ် ၁၄ ရက်မှာ အစ္စတန်ဘူလ်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

 

အဲလစ်ဆင်ဟာ လီဗာပူးအသင်းနဲ့ စတင်ပွဲထွက်ကစားခွင့်ရရှိခဲ့တဲ့ပထမဆုံးဘောလုံးရာသီမှာပဲ လီဗာပူး အသင်းကို ချန်ပီယံလိဂ်ဖလားရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင်လီဗာပူးအသင်းဟာ ပရီမီယာလိဂ်မှာလည်း အမှတ်ပေးဇယား ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။ လီဗာပူးအသင်း ဂိုးသမား အဲလစ်ဆင် ဒဏ်ရာရရှိခဲ့တာကြောင့်ယခုနှစ်မှ ခေါ်ယူထားတဲ့ ဂိုးသမားအက်ဒရီယန်အား ပွဲထွက်ကစား စေလိမ့်မည်ဖြစ်ပြီး လက်ရှိတွင် တတိယဦးစားပေးဂိုးသမားဖြစ်တဲ့ကယ်လီဟာလည်း ဒဏ်ရာမှ ပြန်လည်သက်သာလာပြီဖြစ်တယ်လို့သိရပါတယ်။

 

ငွေကြယ်