လီဗာပူးကွင်းလယ်ကစားသမား ဂျိမ်းစ်မီနာအား ခေါ်ယူရန်ပီအက်စ်ဂျီအသင်း ချိတ်ဆက်မှုများလုပ်ဆောင်နေ

၂၈  မေ

 

ပြင်သစ်ပထမတန်းကလပ် ပီအက်စ်ဂျီအသင်းသည် လီဗာပူး အသင်းကွင်းလယ်ကစားသမား ဂျိမ်းစ်မီနာအားခေါ်ယူရန် ချိတ်ဆက်မှုများ လုပ်ဆောင်လျက်ရှိပြီး ဂျိမ်းစ်မီနာသည်လည်း လီဗာပူးအသင်းနှင့် စာချုပ်သက်တမ်းနောက်ဆုံးလသို့ ရောက်ရှိနေပြီဖြစ်သည်။

 

ထို့ကြောင့် ကွင်းလယ်ကစားသမား ဂျိမ်းစ်မီနာအနေဖြင့်မက်ဒရစ်မြို့၌ စပါးအသင်းနှင့် ယှဉ်ပြိုင်ကစားမည့် ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်သည် လီဗာပူးအသင်းနှင့် နောက်ဆုံးပွဲစဉ်ဖြစ်လာနိုင်ကြောင်းလည်း သိရသည်။

 

ဂျိမ်းစ်မီနာသည် စာချုပ်သစ်ချုပ်ဆိုရန်မရှိဘဲ အလွတ်ပြောင်းရွှေ့ကြေးဖြင့် လီဗာပူးအသင်းမှ ထွက်ခွာဖွယ်ရှိနေခြင်းကြောင့် ပီအက်စ်ဂျီအသင်းအတွက်လည်း ခေါ်ယူနိုင်မည့်အခွင့်အရေးတစ်ရပ် ရရှိလိမ့်မည်ဖြစ်သည်။

 

ပီအက်စ်ဂျီအသင်းအနေဖြင့် မန်ယူအသင်းကွင်းလယ်ကစားသမား ဟာရဲရားပီအက်စ်ဂျီအသင်းသို့ ရောက်ရှိကြောင်းကိုလည်း မကြာမီကြေညာသွားရန် မျှော်လင့်လျက်ရှိသည်။

 

ပီအက်စ်ဂျီအသင်းသည် ပြင်သစ်ပထမတန်းလိဂ်ဖလားကို တစ်ကြိမ်မက သိမ်းပိုက်ထားနိုင်ခဲ့သည့်အပြင် ပြည်တွင်းလိဂ်ဖလား ပြိုင်ပွဲတွင် အလွှမ်းမိုးနိုင်ဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ထားခဲ့သည်။

 

ပီအက်စ်ဂျီအသင်းနည်းပြ သောမက်တူချယ်လ်သည်လည်း ၂၀၂၁ ခုနှစ်အထိ ဆက်ရှိမည့် နောက်ထပ်စာချုပ်သစ်တစ်ရပ် ထပ်တိုးချုပ်ဆိုခဲ့သူဖြစ်သည်။ နည်းပြ သောမက်တူချယ်လ်သည် ပြီးခဲ့သည့်နွေရာ သီအပြောင်းအရွှေ့ကာလအတွင်းက နည်းပြအမ်မရီ၏နေရာတွင် အစားထိုးနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရသူဖြစ်ပြီး ယခုနှစ်တွင် ပြင်သစ်ပထမတန်းလိဂ်ဖလားကို ဆက်လက်ရယူနိုင်ခဲ့သည့်နည်းပြလည်း ဖြစ်လာခဲ့သည်။

 

ငွေကြယ်