လီကီမာတိုင်ဖုန်းဟာ တရုတ်နိုင်ငံအရှေ့ပိုင်းကို ဦးတည်ပြီး ဝင်ရောက်မှာဖြစ်တဲ့အတွက် သတိပေးချက်ထွက်ပေါ်

၉ သြဂုတ် 


တရုတ်နိုင်ငံ အရှေ့ပိုင်းရှိ ဇန်ဇင်းဒေသမှာ မနက်ဖြန် (စနေနေ့) မနက်ပိုင်းမှာ ပြင်းအားရှိတဲ့ လီမာတိုင်ဖုန်း နဲ့အတူ မိုးသည်းသည်းမည်းမည်းရွာသွန်နိုင်တဲ့အတွက် ဒီကနေ့ မှာ သတိပေးချက်တွေ ပြုလုပ်နေပါတယ်။ 


ဒီနှစ်အတွင်းမှာ  တရုတ်နိုင်ငံကမ်းရိုးတန်းကို ကိုးကြိမ်မြောက် မုန်တိုင်းဝင်ရောက်ခြင်းဖြစ်ပြီး ဇန်ဇင်း၊ ဖူဂျန်း၊ ဂျန်းစု၊ ရှန်ဟိုင်းနဲ့ ရှန်ဒုံးပြည်နယ်တွေကို ဦးတည်လာနေတယ်လို့ တရုတ်မိုးလေဝသဦးစီးဌာနက သတိပေးထားပါတယ်။


လီကီမာ တိုင်ဖုန်း ဗဟိုမှာ တစ်နာရီကို လေတိုက်နှုန်း ၁၈၀ မိုင်နှုန်းရှိကြောင်း အစိုးရသတင်းဌာ ဆင်ဟွာက ထုတ်ပြန်ထားပါတယ်။ 


MDN
ကိုးကား - AFP