လိပ်သိုဒေသတွင် နနွင်းစိုက်ပျိုးသူများ ဈေးကောင်းရရှိ

လိပ်သို   ဧပြီ  ၂၁

 

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ကုန်း တောင်တန်း ထူထပ်ပေါများပြီး ဥယျာဉ်ခြံသီးနှံများကို အဓိကစိုက်ပျိုးလျက်ရှိရာ နနွင်းကို စီးပွားဖြစ်စိုက်ပျိုးသူများ တိုးပွားလာမှုကြောင့် နနွင်းမျိုးများ ဈေးနှုန်းမြင့်တက်လာပြီး ဈေးကောင်းရရှိကာ မျိုးနနွင်းများ ထားသိုရောင်းချသူများ  အဆင်ပြေလျက်ရှိကြောင်း သိရသည်။

 

ယခုနှစ်တွင် နနွင်းတက်အခြောက်များ ဈေးကောင်းရရှိသဖြင့် စိုက်ပျိုးထုတ်လုပ် သိုလှောင် ရောင်းချသူများ တွက်ခြေကိုက်လျက်ရှိခြင်း၊ တိုးချဲ့စိုက်ပျိုးရန် မြေနေရာအဆင်ပြေခြင်း၊ ကျေးရွာ တိုင်းတွင် စိုက်ပျိုးသူများ တိုးပွားလာခြင်းတို့ကြောင့် နနွင်းမျိုးများ လိုအပ်ချက်မြင့်တက်လာက မျိုးမလုံလောက်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

 

မျိုးနနွင်းခေါင်းများ ထားသိုရောင်းချသူများသည် ယမန်နှစ်က ပီနံအိတ် တစ်အိတ်ကို ကျပ် (၁၅၀၀ဝိ/-) ဖြင့် ရောင်းချခဲ့ရာမှ ယခုနှစ်တွင် (၂၅၀၀ဝိ/-) ကျပ်ဖြင့် ရောင်းချလျက်ရှိရာ  နနွင်းမျိုးလုံလောက်မှုမရှိ၍ နနွင်းတက်အစိမ်းများမှ မျိုးအဖြစ် သုံးစွဲနိုင်သော နနွင်းတက်အကြီးများကို ရွေးထုတ်ကာ မျိုးနနွင်းအဖြစ် ရောင်းချနေရကြောင်း နနွင်းစိုက်ပျိုးသူ တောင်သူတစ်ဦးထံမှ သိရသည်။

ခင်လေးနွယ် (လိပ်သို)