လိုက်ထရပ်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်၍ လမ်းယာဘက်ခြမ်းရှိ တံတားဘောင် ဝင်တိုက်မှုဖြစ်ပွား

တပ်ကုန်း  ၂၃  ဧပြီ          

     

နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် သပြေချောင်းကျေးရွာအနီး၊ ရန်ကုန်-မန္တလေးကား လမ်းဟောင်းမိုင်တိုင် ၂၄၂/ဝ၊၂၄၂/၁ အကြားတွင် ပျဉ်းမနားမြို့ဘက်မှ တပ်ကုန်းမြို့ဘက်သို့ ယာဉ်မောင်း ကိုရဲ(၂၅)နှစ် လမ်းပျဉ်းမနားရွာ၊ ပျဉ်မနားမြို့နေသူ မောင်းနှင်လာသော ယာဉ်အမှတ်  (NPW …….. ) လိုက်ထရပ်ယာဉ်သည် ယနေ့ နံနက် ၉ နာရီခွဲခန့်က အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ခြမ်းရှိ တံတားဘောင်အား တိုက်မှုဖြစ်ပွားခဲ့သည်။

     

အခင်းဖြစ်ပွားရာတွင် လိုက်ထရပ်ယာဉ်မောင်း ကိုရဲ(၂၅)နှစ်၊ လမ်းပျဉ်းမနားရွာ၊ ပျဉ်းမနားမြို့နေသူနှင့် ယာဉ်ပေါ်လိုက်ပါသည့် ဦးစိန်ဝင်း(၆၂)နှစ်၊ မရွှေရည်ဝင်း(၉)နှစ်၊ ဒေါ်ခင်မာရွှေ(၆၀)နှစ်၊ မရင်းကြီးကျေးရွာ၊ ဇေယျာသီရိမြို့နေသူ၊ မောင်ပြည့်ဖြိုး(၁၉)နှစ်၊ မချိုပြုံး(၂၄)နှစ်၊ နန်းသြကျေးရွာနေသူ၊ ဦးကျော်ခင်(၆၆)နှစ်၊ မြဝတီရပ်ကွက်၊ တပ်ကုန်းမြို့နေသူ၊ မောင်သူရဇော်(၁၉)နှစ်၊ ကပစ(၄)တပ်ဝန်း၊ တပ်ကုန်းမြို့နေသူ၊ မသန်းသန်းနွယ်(၄၀)နှစ် သဲကျွန်းကျေးရွာ၊ ဥတ္တရသီရိမြို့နေသူ မအိဖြူ(၂၃)နှစ်၊ ကျောက်ဆွဲကြိုးရွာ၊ အောင်လံမြို့နေသူတို့ ဒဏ်ရာများရရှိခဲ့ပြီး ရဲဆေးစာဖြင့် တပ်ကုန်းမြို့ ကုတင်(၁၀ဝ)ဆေးရုံတွင် ဆေးကုသခံယူကြောင်း သိရသည်။

                                                                    

တင်စိုးလွင်(ပြန်/ဆက်)