လှိုင်းဘွဲမြို့၌ ရာသီစာသီးနှံများ ရှာဖွေရောင်းချသူများ အဆင်ပြေ

လှိုင်းဘွဲ  ဇူလိုင်  ၂၁

 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်ရှိ ထီလုံကြိုးဝိုင်း၊ ကျုံပကိုကြိုးဝိုင်းနှင့် ကြိုးပြင်ကာကွယ်တော ဧရိယာများ၌ မိုးရာသီအတွင်း သဘာဝထွက်ရှိသော တောင်ပို့မှို(ဖက်စွတ်မှို)၊ အင်ဥ၊ ဇရစ်၊ ဖလံတောင်ဝှေး၊ မျှစ်၊ ကောက်ကောက်ညွှန့်၊ ကဒက်ဥ စသည့် ရာသီစာသီးနှံများ ရှာဖွေရောင်းချနေကြသည့် ဒေသနေပြည်သူများမှာ ဝင်ငွေကောင်းမွန်လျက်ရှိကြောင်း သိရသည်။

 

“သဘာဝအလျောက် ပေါက်ကြတဲ့ ရာသီစာသီးနှံတွေကို ​မြို့ပေါ်စျေးက ဖောက်သည်တွေကို ရောင်းချပေးသလို ကိုယ်တိုင်လည်း လမ်းဘေးမှာ တဲလေးထိုးပြီး ရောင်းချပါတယ်၊ အလုပ်အကိုင် ရှားတဲ့ မိုးတွင်းကာလမှာ ရာသီစာဒေသထွက် သီးနှံတွေကို ရှာဖွေရောင်းချပြီး မိသားစုစားဝတ်နေရေးအတွက် ဝင်ငွေရရှိနေလို့ သစ်တောကြိုးဝိုင်းနဲ့ တောတောင်တွေကို ကျေးဇူးတင်ရပါတယ်” ရာသီစာသီးနှံ ရှာဖွေရောင်းချသူတစ်ဦးက ပြောပြသည်။

 

လင်းသန့်(ပြန်/ဆက်)