လှိုင်းဘွဲမြို့နယ် ကွမ်တာကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေး

လှိုင်းဘွဲ   ဇွန်  ၁၄

 

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ကျေးရွာများအရောက် ကွင်းဆင်းထိုးနှံပေးလျက်ရှိရာ ဇွန် ၁၃ ရက်က ကွမ်တာကျေးရွာ၌ ထိုးနှံပေးခဲ့သည်။

 

ထိုသို့ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူတို့က ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွန်ချက်နှင့်အညီ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်း၊ ကာကွယ်ဆေးထိုးနှံပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဒုတိယအကြိမ် အသက်(၁၈)နှစ်အောက် ပြည်သူ(၃၀)ဦး၊ အသက်(၁၈)နှစ်အထက် ပြည်သူ(၁၁)ဦး၊ Booster Dose (၃၄)ဦး၊ ပထမအကြိမ် အသက်(၁၈)နှစ်အထက် ပြည်သူ(၂၅)ဦးတို့ကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

စောဒိ(ပြန်/ဆက်)