လှိုင်းဘွဲ                ဩဂုတ်   ၁၁

 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၁၀ ရက်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာနေအိမ်များအား ပိုးသတ်ဆေး (ကလိုရင်းဆေးရည်)ဖြင့် လိုက်လံပက်ဖျန်းပေးခဲ့ကြောင်း သိရသည်။

 

လိုက်လံပက်ဖျန်းရာတွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း(လှိုင်းဘွဲ)မှ တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက နေရပ်ပြန်ပြည်သူများ ထားရှိသော ကမော့ကချူးကျေးရွာရှိ ဆိုင်ကလုန်းစင်တာနှင့် မိခင်နှင့်ကလေး ကျန်းမာရေးဌာန၊ လှိုင်းဘွဲမြို့ပေါ်ရှိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ၏ နေအိမ်များအား ပိုးသတ်ဆေး(ကလိုရင်းဆေးရည်)ဖြင့် လိုက်လံပက်ဖျန်းပေးခဲ့ပြီး ကျေးရွာများရှိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ၏ နေအိမ်များကိုလည်း လိုက်လံပက်ဖျန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)