မန္တလေး ဇွန် ၁၅

 

ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန မန္တလေးတိုင်းဒေသကြီး ကြီးကြပ်စစ်ဆေးရေးအရာရှိရုံးသည် လိုင်စင်ရစက်သုံးဆီ အရောင်းဆိုင်များအား စဉ်ဆက်မပြတ် ကြီးကြပ်စစ်ဆေးလျက်ရှိသည်။

 

ထိုသို့ စစ်ဆေးရာတွင် စက်သုံးဆီအရောင်းဆိုင်များမှ ဖြန့်ဖြူး ရောင်းချနေသော စက်သုံးဆီများ၏ အရည်အသွေးပြည့်မီမှန်ကန်မှု ရှိ၊ မရှိ၊ အခြင်အတွယ်ပြည့်မီမှန်ကန်မှုရှိ၊ မရှိနှင့် သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချမှုရှိ၊ မရှိတို့အား ဌာနပိုင် Mobile Fuel Lab ယာဉ်ဖြင့် လစဉ်ရှောင်တခင် စစ်ဆေးဆောင်ရွက်လျက်ရှိရာ ဇွန် ၁၅ ရက်တွင် မန္တလေးမြို့ပေါ်ရှိ စက်သုံးဆီ အရောင်းဆိုင်လေးဆိုင်အား ရှောင်တခင် ဝင်ရောက်စစ်ဆေး ဆောင်ရွက်ခဲ့သည်။

 

စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် အရည်အသွေးပြည့်မီမှု မရှိခြင်း၊ အခြင်အတွယ်ပြည့်မီမှုမရှိခြင်း၊ သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချမှုမရှိခြင်းများကို စစ်ဆေးတွေ့ရှိရပါက ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

မင်းထက်အောင် (မန်းကိုယ်ပွား)