လွိုင်ကော်မြို့၊ ဗုဒ္ဓဥယျာဉ်တော်အတွင်း၌ ချယ်ရီပန်းပင် စိုက်ပျိုးပွဲ ကျင်းပ

နေပြည်တော် ၁၈ ဇွန်


ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ပံ့ပိုးမှု၊ ကယားပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ကယားပြည်နယ် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်၊ ဗုဒ္ဓဥယျာဉ်တော်အား ကယားပြည်နယ်၏ ခရီးစဉ် အထင်ကရနေရာတစ်ခုဖြစ်လာစေရန်၊ ဗုဒ္ဓဥယျာဉ်တော်အတွင်း စိမ်းလန်းစိုပြည်လှပစေရန်နှင့် အများပြည်သူများ စိတ်အေးချမ်းစွာ အပန်းဖြေအနားယူနိုင်ရန် ရည်ရွယ်၍ မြန်မာ- ဂျပန်ချစ်ကြည်ရေးအထိမ်းအမှတ် အဖြစ် စိုက်ပျိုးသည့် ချယ်ရီပန်းပင် (၂၀ဝ) စိုက်ပျိုးပွဲတော်ကို ဇွန် ၁၅ ရက် နံနက်ပိုင်းက လွိုင်ကော်မြို့ ဗုဒ္ဓဥယျာဉ်တော်အတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

 

1


အခမ်းအနားတွင် ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနှင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေးတို့မှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ကယားပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (လွိုင်ကော်ရုံးခွဲ)မှ တာဝန်ရှိသူများ၊ NGO၊ INGO အဖွဲ့အစည်းများ၊ ဒေသခံပြည်သူများ စုပေါင်း၍ ချယ်ရီပန်းပင် (၂၀ဝ) ကို ဗုဒ္ဓဥယျာဉ်တော်အတွင်း၌ စိုက်ပျိုးခဲ့ပါကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။


MDN

 

1

 

 

1