လွိုင်ကော်မြို့ ကုတင်(၅၀)ဆံ့ တိုင်းရင်းဆေးရုံရှိ ဝန်ထမ်းမိသားစုများနှင့် ပြည်နယ်ဝန်ကြီးချုပ် တွေ့ဆုံ

လွိုင်ကော် ၂၉ မေ

 


လွိုင်ကော်မြို့ ကုတင်(၅၀)ဆံ့ တိုင်းရင်းဆေးရုံ ဝန်ထမ်းများအနေဖြင့် ပြည်သူများအား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများ၊ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် တိုင်းရင်းဆေးရုံ ဝန်ထမ်း မိသားစုများနှင့် ပြည်နယ်ဝန်ကြီးချုပ် တွေ့ဆုံပွဲ အခမ်းအနားအား ယနေ့မွန်းလွဲ ၂ နာရီတွင် တိုင်းရင်းဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

e3r23

 


အခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးညီညီမင်း၊ လွိုင်ကော်ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် တိုင်းရင်းဆေးရုံရှိ ဝန်ထမ်းမိသားစုများ စုံလင်စွာ တက်ရောက်ခဲ့သည်။

 

w9euyf

 


ရှေးဦးစွာ အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အဖွင့်အမှာစကား ပြောကြားရာတွင် ယခုမိမိတို့ အစိုးရအဖွဲ့၏ (၃)နှစ်ကျော်ကာလမှသာ တွေ့ဆုံရသည့်အတွက် နားလည်ပေးစေလိုကြောင်း၊ မိမိအနေနှင့် တွေ့ဆုံပွဲများ ပြုလုပ်တိုင်း တင်ပြခွင့်ပြုလျက်ရှိပြီး ယခုတွေ့ဆုံပွဲ၌ တင်ပြလိုသည်များကို တင်ပြကြရန်ဖြစ်ကြောင်း၊ ပြည်ထောင်စုနှင့် ချိတ်ဆက်ဆောင်ရွက်ပေးရန် ရှိသည်များကိုလည်း တင်ပြပေးရန်ဖြစ်ကြောင်း၊ မိမိအနေနှင့် ယခုတွေ့ဆုံပွဲပြုလုပ်ခြင်းသည် ဝန်ထမ်းများကို လာရောက်အားပေးခြင်းဖြစ်ကြောင်း၊ လိုအပ်ချက်များ၊ အခက်အခဲများရှိပါက ပွင့်လင်းစွာ တင်ပြပေးရန် ဖြစ်ပါကြောင်းဖြင့် အဖွင့်အမှာစကား ပြောကြားသည်။

 

fhg5rt5

 


တိုင်းရင်းဆေးရုံ ဒုတိယဆေးရုံအုပ်ကြီးမှ တင်ပြရာတွင် ဆေးရုံအတွက် ရေအခက်အခဲရှိပြီး အထူးသဖြင့် နွေရာသီကာလများတွင် ပြတ်လပ်မှု ဖြစ်ပေါ်လျက်ရှိကြောင်း၊ လျှစ်စစ်မီး ရရှိရေးလည်း အလားတူဖြစ်ပြီး ဆေးရုံအတွင်း ရေစီးရေလာကောင်းမွန်ရေးအတွက် ဆောင်ရွက်ပေးစေလိုကြောင်း၊ လျှပ်စစ်မီးပြတ်တောက်မှုနှင့် ပတ်သက်၍ နာတာရှည်လူနာများနှင့် အရေးပေါ် လူနာများရှိပြီး အရေးပေါ်လူနာများအတွက် အခက်အခဲရှိကြောင်း၊ မီးပြတ်တောက်မှုကြောင့် ကုသရေးအခက်အခဲများ ရှိနေပါကြောင်း၊ ဆေးရုံဆောက်လုပ်မှုအတွက် သတ်မှတ်စံချိန်စံညွှန်း ပြည့်မီမှုမရှိသည့်အတွက် လုပ်ငန်းများဆောင်ရွက်ရာတွင် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ ရေ၊ မီး၊ မိလ္လာကိစ္စရပ်များ ခက်ခဲလျက်ရှိပါကြောင်း၊ ဆေးရုံတွင် အောက်ခြေဝန်ထမ်းများ လိုအပ်လျက်ရှိပါကြောင်း၊ အောက်ခြေ ဝန်ထမ်းခန့်အပ်ရန် လိုအပ်လျက်ရှိကြောင်း၊ နေ့/ည အစောင့်ဝန်ထမ်းများ ငှားရမ်းဆောင်ရွက်နေရကြောင်း၊ ဆေးခွဲဝေရရှိမှု လုံလောက်မှု မရှိကြောင်း၊ ဆေးရုံတွင် လူနာတင်ကားမရှိ၍ လူနာများအတွက် လိုအပ်ပါက မော်တော်ကားများ ငှားရမ်းအသုံးပြုနေရပါကြောင်း၊ ဆေးရုံမှ OPD ရန်ပုံငွေများဖြင့် လည်ပတ်နေရကြောင်း၊ အရေးပေါ်လူနာများအတွက် လူနာတင်ယာဉ် ၁ စီး ဆောင်ရွက်ပေးစေလိုကြောင်း၊ INGO အဖွဲ့များ၏ ကူညီမှုများကိုလည်း မရရှိသဖြင့် ဌာန၏ရန်ပုံငွေဖြင့်သာ ဆောင်ရွက်နေရပါကြောင်း၊ ဝန်ထမ်းများအနေနှင့် ဆောင်ရွက်နိုင်သည်မှာ လူနာများအပေါ် ဂရုစိုက်၍သာ ဆောင်ရွက်နေရပါကြောင်း၊ လုပ်ငန်းသုံးပစ္စည်းဖြစ်သည့် ပရိုဂျက်တာ(၁)စုံ ထောက်ပံ့ ပေးစေလိုပါကြောင်း၊ ဆေးကုသရာတွင် လိုအပ်သည့် လုပ်ငန်းသုံးပစ္စည်းများ ဖြည့်ဆည်းဆောင်ရွက်ပေးစေလိုကြောင်း၊ ဆေးရုံပြင်ဆင် ထိန်းသိမ်းခြင်း ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။

 

j9d

 


တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကဏ္ဍအလိုက် ဖော်ဆောင်ပေးနိုင်မည့် အခြေအနေအား ရှင်းလင်းဖြေကြားခဲ့ပြီး ဆေးကုသရာတွင် လိုအပ်သည့် လုပ်ငန်းသုံးပစ္စည်းများနှင့် ပြင်ဆင် ထိန်းသိမ်းမှုများ ဆောင်ရွက်ရန် ရန်ပုံငွေကျပ် (၈၀)သိန်းနှင့် ကုသရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် အဆင်ပြေစေရန်အတွက် မော်တော်ယာဉ် (၁)စီးအား လည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ပြီး တိုင်းရင်းဆေးရုံသို့ တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသည့် လူနာ ၃၃ ဦးအား တစ်ဦးလျှင် ၁၀ဝ၀ဝ ကျပ်စီ ထောက်ပံ့ပေးအပ်ခဲ့သည်။

 

pow;j

 


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် တိုင်းရင်းဆေးရုံ ဆေးကုသဆောင် (ပင်မဆောင်) ဆောက်လုပ်ထားမှုများနှင့် စပ်လျဉ်း၍ ပြုပြင်ဆောင်ရွက်ရန် လိုအပ်သည်များကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် လိုအပ်သည်များ ပူးပေါင်းကူညီဖြည့်ဆည်း ဆောင်ရွက်ပေးသွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

 


လွိုင်ကော်သား