လွိုင်ကော်မြို့နယ်ရှိ ကျေးရွာများတွင် ဖင်လန်နိုင်ငံ ကြက်ခြေနီအသင်းမှ သတင်းမှတ်တမ်းရိုက်ကူး

နေပြည်တော် ၁၆ မေ

 

ဖင်လန်နိုင်ငံ ကြက်ခြေနီအသင်းမှ ရိုက်ကူးရေးအဖွဲ့ဝင်လေးဦးသည် မြန်မာနိုင်ငံ ကြက် ခြေနီအသင်းနှင့်ပူးပေါင်းပြီး ယနေ့တွင် လွိုင်ကော်မြို့နယ်အတွင်းရှိ ကျေးရွာများ၌ ဘေးဒဏ် ကြံ့ခံနိုင်စွမ်းမြင့်မားရေး စီမံချက်ပါ လုပ်ငန်းများကို သတင်းမှတ်တမ်းရိုက်ကူးသည်။

 

အဆိုပါအဖွဲ့သည် ဘုရားနီကျေးရွာတွင် ထောက်ပံ့ပေးထားသော ရေစစ်မြေအိုး၊ ဆေး စိမ်ခြင်းထောင်၊ ယင်လုံအိမ်သာပုံစံခွက်နှင့် လယ်ရှည်ဖိနပ် အသုံးပြုပုံများကိုလည်းကောင်း၊ အရင်းမပျက် မတည်ငွေကျပ် တစ်ဆယ်သိန်းကို အကျိုးရှိစွာ အသုံးပြုပုံကိုလည်းကောင်း တွေ့ ဆုံမေးမြန်းခြင်း၊ လှည့်လည်ရိုက်ကူးခြင်းများ ပြုလုပ်ခြင်းဖြစ်သည်။

 

ထို့ပြင် အရင်းမပျက် မတည်ငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျန်းမာရေးဆိုင်ရာ ချေးငွေထုတ်ပေးမှုအခြေအနေ၊ ထောက်ပံ့ပေးထားသည့် ပစ္စည်းများ အသုံးပြုမှုအခြေအနေ များကို ဘုရားနီကျေးရွာအပြင် ကန်နီနှင့် လယ်ထွယ်ကျေးရွာများသို့လည်း မေ ၁၂ ရက်မှစ၍ လှည့်လည်သွားရောက်ရိုက်ကူးခြင်းကို မေ ၂၀ ရက်ထိ ပြုလုပ်မည်ဖြစ်ကြောင်း၊ ရပ်ရွာလူထု အနေဖြင့် ဘေးဒဏ်ကြံ့ခံနိုင်စွမ်းမြင့်မားရေး စီမံချက်ပါအတိုင်း လုပ်ဆောင်နေမှုအခြေအနေ များကို “Red Nose Day Campaign”အမည်ဖြင့် သတင်းမှတ်တမ်းရိုက်ကူးခြင်းဖြစ်ကြောင်း သိရသည်။ (သတင်းစဉ်)