လွိုင်ကော်မြို့ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံမှုများ ကယားပြည်နယ်ဝန်ကြီးချုပ် ကြည့်ရှုအားပေး

လွိုင်ကော် မေ ၂၃

 

ကယားပြည်နယ်အတွင်း မြို့နယ်အသီးသီးရှိ အခြေခံပညာကျောင်းများတွင် မေ ၂၃ ရက်နေ့မှ ၃၁ ရက်အထိ ကျောင်းအပ် လက်ခံခြင်း သီတင်းပတ် အစီအစဉ်ကို စတင်ဆောင်ရွက်လျက်ရှိရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက မေ ၂၃ ရက် နံနက်ပိုင်းတွင် လွိုင်ကော်မြို့နယ်ရှိ အခြေခံပညာ ကျောင်းများ၌ ကျောင်းအပ်နှံမှုများကို သွားရောက် ကြည့်ရှုအားပေးသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လွိုင်ကော်မြို့နယ်အတွင်းရှိ အမှတ်(၁)နှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းများ၊ အမှတ်(၁)နှင့် အမှတ်(၂) အခြေခံပညာ မူလတန်းလွန်ကျောင်းများသို့ သွားရောက်၍ မိဘအုပ်ထိန်းသူများက ကျောင်းသား ကျောင်းသူများအား ကျောင်းအပ်နှံနေမှုများကို ကြည့်ရှုအားပေးပြီး ကျောင်းသား ကျောင်းသူများအား ကျောင်းဝတ်စုံများနှင့် ကျောင်းသုံးပစ္စည်းများ ပေးအပ်သည်။ ထို့နောက် ကျောင်းလာရောက် အပ်နှံလျက်ရှိသော ကျောင်းသား မိဘအုပ်ထိန်းသူများ၊ ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်သည်။

 

ပြည်နယ်(ပြန်/ဆက်)