လွိုင်ကော်နည်းပညာတက္ကသိုလ်၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်

လွိုင်ကော်       ဧပြီ      ၂၃

 

ကယားပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ လွိုင်ကော်မြို့၊ နည်းပညာတက္ကသိုလ်၌ လွိုင်ကော်တပ်နယ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် စည်ပင်သာယာရေးအဖွဲ့များ စုပေါင်း၍ သန့်ရှင်းရေး ပြုလုပ်ခြင်းကို ဧပြီ ၂၃ ရက် နံနက်ပိုင်းက အဆိုပါကျောင်း၌ ပြုလုပ်ခဲ့ကြသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ကယားပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ဦးဆောင်၍ ပြည်နယ် ဝန်ကြီးများ၊ ဒေသကွပ်ကဲမှု စစ်ဌာချုပ်(လွိုင်ကော်) ဒေသကွပ်ကဲရေးမှူးနှင့် တာဝန်ရှိသူများက စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုများ၊ ကျောင်းရှိ စာသင်ခန်းများနှင့် ပြန်လည်ပြုပြင်ပေးရမည့် အဆောက်အအုံများကို လိုက်လံကြည့်ရှု စစ်ဆေးကြသည်။

 

နည်းပညာတက္ကသိုလ် ပြန်လည်ဖွင့်လှစ်မည့် မေ ၁၂ ရက်တွင် ကျောင်းသား ၊ ကျောင်းသူများ အဆင်ပြေ စိတ်ချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် သင်ကြားရေးအထောက်အကူပစ္စည်း များ၊ စာသင်ခန်းမများ၊ အိပ်ဆောင်များနှင့် စားသောက်ခန်းများကို ကြိုတင်ပြင်ဆင်ထားရှိရန်၊ ကျောင်းသန့်ရှင်း သာယာလှပရေးအတွက် သက်ဆိုင်သည့်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ သင်ကြားရေးနှင့် သက်ဆိုင်သော လုပ်ငန်းများကို ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရန် ပြည်နယ် ဝန်ကြီးချုပ်က မှာကြားခဲ့ပြီး နည်းပညာတက္ကသိုလ်ရှိ ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့သည်။

ကိုဇင်(လွိုင်ကော်)