လိုင်ချီးသီးမှာပါရှိတဲ့ အဆိပ်အတောက်ကနေ ဦးနှောက်အမြှေးရောင်ရောဂါခံစားရပြီး ကလေးငယ် ၃၁ သေဆုံး 

၁၃ ဇွန်

အိန္ဒိယနိုင်ငံ မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ ၁၀ ရက်အတွင်းမှာ အနည်းဆုံး ကလေး ၃၁ ယောက်ဟာ ဦးနှောက်အမြှေးရောင်ရောဂါဖြင့် သေဆုံးခဲ့ရာ အဲဒီရောဂါ လိုင်ချီးသီးအတွင်းမှာပါတဲ့ အဆိပ်အတောက်နဲ့ ဆက်နွယ်မှုရှိတယ်လို့ ကျန်းမာရေးဆိုင်ရာဝန်ထမ်းက မနေ့က ပြောကြားလိုက်ပါတယ်။ 

 

13

 

ကလေး ၃၁ သေဆုံးကြောင်းတွေ့ရှိတဲ့ ဆေးရုံနှစ်ခုကတော့ လိုင်ချီးသီးစိုက်ပျိုးရာ မူဇာဖာပါ ဒေသမှာ တည်ရှိတာကို တွေ့ရပါတယ်။ ကလေးငယ်တွေဟာ ဦးနှောက်အမြှေးရောင်ရောဂါ လက္ခဏကိုပြခဲ့ကြောင်းနဲ့ ကလေးငယ်တွေဟာ သွေးထဲမှာ ဂလူးကို့စ် ရုတ်ချည်းကျသွားတာမျိုးပါ ခံစားခဲ့ရကြောင်း ကျန်းမာရေးဝန်ထမ်း အစော့ကူမားဆင်းက AFP ကို ပြောပါတယ်။ 

ဦးနှောက်အမြှေးရောင်တဲ့ရောဂါလက္ခဏမျိုးခံစားနေတဲ့ အနည်းဆုံး ကလေး ၄၀ မှာ တွေ့ရှိတဲ့အတွက် သူတို့အားလုံးကို အရေးပေါ်ကုသဆောင်မှာ ကုသပေးနေကြောင်း၊ အဲဒီကလေးတွေ အားလုံးကို ကယ်နိုင်အောင် ကြိုးစားနေကြောင်း ဆက်ပြောပါတယ်။ 

ဦးနှောက်အမြှေးရောင်ရောဂါဟာ ၁၉၉၅ ခုနှစ်ကစပြီး မူဇာဖာပါဒေသနဲ့ အနီးအနား ဒေသတွေမှာ နှစ်စဉ်ဖြစ်ပွားနေကျ ရောဂါဖြစ်ပါတယ်။ 

အမေရိကန် သုတသေနပညာရှင်တွေက ဦးနှောက်နဲ့သက်ဆိုင်တဲ့ရောဂါတွေဟာ exotic အသီးအနှံတွေမှာ တွေ့ရတဲ့ အဆိပ်အတောက်နဲ့ ဆက်နွယ်နေတယ်လို့ ၂၀၁၅ ခုနှစ်က ပြောကြားထားပါတယ်။ 

လိုင်ချီးသီးစိုက်ပျိုးရာ ဘင်္ဂလားဒေ့ရှ်နဲ့ ဗီယက်နမ်နိုင်ငံတွေမှာ အာရုံကြောရောဂါဖြစ်ပွားမှုကို လေ့လာနေကြောင်း သိရပါတယ်။ 

MDN
ကိုးကား - AFP